အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသော ပြည်သူများအတွက် အလှုငွေများ လှူဒါန်းနိုင်ပါကြောင်း အသိပေး နှိုးဆော်ခြင်း

  16/ May/ 2023

မြန်မာနိုင်ငံအတွင်း တိုက်ခတ်သည့် အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် ထိခိုက်ခံစားရသော ပြည်သူလူထုအတွက် လိုအပ်သော အကူအညီများကို ကြိုးပမ်းညှိနှိုင်း ဆောင်ရွက်‌‌ပေးလျှက်ရှိရာ အရေးပေါ် လိုအပ်သည့် သောက်သုံးရေနှင့် အခြား အခြေခံလိုအပ်ချက်များအတွက် အများပြည်သူတို့အနေဖြင့် မိမိတို့ သဒ္ဒါတရား တတ်စွမ်းသ၍ ငွေသား (သို့မဟုတ်) online မှတဆင့် အောက်ဖော်ပြပါ နေရာများမှ ပါဝင်လှုဒါန်းနိုင်ပါကြောင်း နှိုးဆော်အသိပေးအပ်ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ မီးလောင်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းကျရောက်ခြင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းများ၊ ပဋိပက္ခများ၊ တိုက်ပွဲများနှင့် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာခဲ့ရသူများနှင့် ထိခိုက်ခံစားရသူများအား ခွဲခြားခြင်းမရှိ လူသားချင်း စာနာ ထောက်ထားသည့် စိတ်ဓါတ်ဖြင့် ကြက်ခြေနီအခြေခံမူ(၇)ချက်နှင့်အညီ ကူညီ ထောက်ပံ့ ပေးလျှက်ရှိပါသည်။
အောက်ဖော်ပြပါ အွန်လိုင်းလင့်ခ်မှတစ်ဆင့် ထည့်ဝင်လှုဒါန်းနိုင်ပါသည်။
https://bit.ly/455L5Kw
လူကိုယ်တိုင်လာရောက် လှုဒါန်းမှုအတွက် ဆက်သွယ်ဆောင်ရွက်မည်ဆိုပါက-
• ဒေါ်မေစန္ဒာမျိုး (ဌာနမှူး၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန) ဖုန်းနံပါတ် – ဝ၉၄၂၁၁၆၉၅၈၉
လိပ်စာ – အမှတ် ၄၂ ၊ ကမ်းနားလမ်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းလှုဒါန်းနိုင်ပါသည်။
ပါဝင်လှုဒါန်းကူညီမှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။