အသင်းဌာနချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ ညှိနှိုင်းအစည်းအဝေး အွန်လိုင်းဖြင့်ပြုလုပ်

  08/ Sep/ 2020

ရန်ကုန်၊ စက်တင်ဘာ ၈

COVID-19 ရောဂါကာကွယ်ရေးအပါအဝင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၈ ရက်နေ့က အသင်း(ရန်ကုန်ရုံးခွဲ)တွင် အွန်လိုင်းဖြင့်ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်‌‌ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများဖြစ်ကြသောဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဒေါက်တာတင်ထွန်းအောင်၊ ‌ညွန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ အထောက်အကူပြုအရာရှိများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အသင်းဌာနချုပ်မှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကိုရှင်းလင်းတင်ပြပါသည်။ ထို့နောက် တိုင်းဒေသ/ပြည်နယ်များမှဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ အသင်းဌာနချုပ်မှဆက်လက်ပံ့ပိုးပေး‌မည့်အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။