အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် နမ့်ဆန်ယန်ကျေးရွာမှ နေရပ်ပြန်ပြည်သူများနှင့်တွေ့ဆုံ

  29/ Aug/ 2020

ဝိုင်းမော်၊ ဩဂုတ် ၂၉

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်သည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ့်ဆန်ယန်ကျေးရွာရှိ နေရပ်ပြန်ပြည်သူများနှင့် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၉ရက်ကတွေ့ဆုံခဲ့ပါသည်။

အသင်းဥက္ကဌဦးဆောင်သောအဖွဲ့သည် နေရပ်ပြန်ပြည်သူများနှင့်တွေ့ဆုံကာ လူမှုကရုဏာအကူအညီများပေးနိုင်ရေအတွက် အပြန်အလှန်ဆွေနွေးမှုများပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးဘရန်ဒီး၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။