အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌနှင့် ကော်မတီဝင်များအား တွေ့ဆုံ

  13/ Nov/ 2021

နေပြည်တော်၊ နိုဝင်ဘာလ (၁၃) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် ယနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၌ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုဥက္ကဌနှင့် ကော်မတီဝင်များ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲ၌ အသင်းဥက္ကဌက ကြက်ခြေနီ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြက်ခြေနီ အခြေခံမူ(၇)ချက်နဲ့အညီ လုပ်ဆောင်ကြရန်နှင့် လုပ်ဆောင်မှုတိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိကြစေရန်၊ ပွင့်လင်းမြင်သာစွာ အလုပ်ဖြင့် သက်သေပြနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးစားပေးကြဖို့ မှာကြားခဲ့ပါသည်။
ထို့နောက် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌနှင့် ခရိုင်ကြက်‌ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တင်ပြခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ အသင်း ဥက္ကဌနှင့် အတူ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးအောင်ချို၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်၊ စီမံ‌‌ရေးရာဌာန ဌာနမှူး ဦးမြင့်ထွန်းဟန်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့တက်ရောက်ခဲ့ပြီး နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ
ဒေါ်ဖြူဖြူမြင့်၊ အတွင်း‌‌ရေးမှူး ဦးစိုးလင်းဦးနှင့် ကော်မတီဝင်များ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌနှင့်ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များတက်ရောက်ကြခဲ့ပါသည်။