အိမ်မဲတွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

  13/ Feb/ 2022

အိမ်မဲ၊ ဖေဖော်ဝါရီလ (၁၃)ရက်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁)နှင့် အမှတ်စဉ်(၂) ဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် မြောင်းမြခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးတင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပါသည်။
အခမ်းအနားကို မြောင်းမြခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများ၊ အိမ်မဲမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ (၉၂)ဦးတက်ရောက်ခဲ့ကြပါသည်။