အောင်မြေသာစံမြို့နယ်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီက ထောက်ပံ့ပစ္စည်းများ ပေးအပ်

  13/ Apr/ 2021

၂၀၂၁ခုနှစ် ဧပြီလ(၁၃)ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ် မြောက်နွားခြံကုန်းတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အိမ်ထောင်စု(၄၀)စု ထိခိုက်ပျက်စီးခဲ့ရသဖြင့် ယနေ့ ဧပြီလ (၁၄)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်ဦးယုတင်၊ အောင်မြေသာစံမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးသောင်းဌေး၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးတင်မိုးအောင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ထိခိုက်ခံစားရသော အိမ်ထောင်စုတစ်စုလျှင် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ မီးဖိုချောင်သုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ စောင်(၁)ထည်၊ ခြင်ထောင်(၁)လုံးစီ တို့ကို အိမ်ထောင်စု (၄၀)စု အတွက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး မီးဘေးသင့်မှုကြောင့် စိတ်ထိခိုက် ခံစားရသည့် ပြည်သူများအားစိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်းများ ပြုလုပ်ပေးခဲ့ကြပါသည်။