ကျေးရွာအနှံ ကြက်ခြေနီခရီးဆန့်

  22/ May/ 2018

အသက် ၇၈ နှစ်ရှိပြီဖြစ်သော ဦးမောင်ပိန်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြင် အနည်းငယ်အကွာတွင်ရှိသော ကြွီတဲကျေးရွာသား လယ်လုပ်သားဟောင်း တစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်အတွင်း ရေဘေး၊ အကြမ်းဖက်မှုတို့ကြောင့် ထိခိုက်ခံစား ရသူများကို အကူအညီပေးနေသည့် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် သူ၏ ကျေးရွာသို့ လာရောက်သည့် အပတ်စဉ် ရွေ့လျားကျန်းမာရေး ဆေးခန်းတွင် သောကြာနေ့ တိုင်းလာရောက်လေ့ရှိသည်။

“ အပတ်တိုင်း ကျန်းမာရေးစစ်ဆေးဖို့လာလေ့ရှိပါတယ်။ အဘမှာသွေးတိုးရောဂါ ရှိပါတယ်။ အခုလတ်တလောတော့ ချောင်းဆိုးတယ်။ ညဘက်ဆို အိပ်မပျော်ဘူး။”

“ ဆရာဝန်ကသွေးပေါင်တိုင်းပေးတယ်။ သွေးတိုးအတွက် ဆေးလည်းပေးတယ်။ ချောင်းဆိုးပျောက်ဆေးလဲပေးတယ်။ ဗိုက်တာမင်ဆေးလုံးတွေလဲ ပေးတယ်။”

“ ကြက်ခြေနီက ဒီလိုဆေးခန်းလေးသာ လာမဖွင့်ပေးခဲ့ရင် တစ်နာရီလောက်သွားရတဲ့ မြို့နယ်ဆေးရုံကိုပဲ သွားပြရမှာပါ။ ဦးလေးအသက်အရွယ်နဲ့ ဆေးရုံသွားဖို့ဆိုတာ ခက်ခဲပါတယ်။”

“ ဒီဆေးခန်းလေးက ဦးလေးနဲ့ တစ်ရွာလုံးအတွက် တော်တော်အားကိုးရပါတယ်။ ဆေးရုံဆိုရင် ပိုက်ဆံလဲကုန်တယ်။ ဒီဆေးခန်းကတော့ အခမဲ့ကြည့်ပေးတဲ့အတွက် ဒီရွာက လူတိုင်းအတွက် အရမ်းပဲ အဆင်ပြေပါတယ်။”