မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ INNO (Group)က လူနာတင်ယာဉ်လွှဲပြောင်းပေးအပ်

  07/ May/ 2018

နေပြည်တော်၊ မေ

မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ INNO (Group) မှ လှူဒါန်းသည့် လူနာတင်ယာဉ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် မေလ ၇ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒဏ္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံကြက်ခြေနီအသင်း (၂၀၂) မိုင် ရှေးဦးပြုစုခြင်း စခန်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ ကောင်စီဝင် ဦအေးမောင်စိန်၊ INNO (Group) မှ Chairman Mr. Seog Chang Son နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဇော်အောင်၊ ခရိုင်/မြို့နယ် ကြက်ခြေနီအသင်းခွဲများမှ ဥက္ကဌများနှင့် ဒုတိယ ဥက္ကဌများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၊ ဒဏ္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရန်ကုန် – မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက အဖွင့်အမှာ စကားပြောကြားခဲ့ရာ – ယခု လူနာတင်ယာဉ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်လာသော နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ INNO (Group) မှ Chairman Mr. Seog Chang Son နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာ လုပ်အားများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ လူနာတင်ယာဉ် လှူဒါန်းပေးသည့် INNO (Group) ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ INNO (Group) မှ အသင်းသို့ လူနာတင်ယာဉ်လှူဒါန်းခြင်းသည် ဒုတိယ အကြိမ်ဖြစ်ပါကြောင်၊ ၂၀၁၇ ခုနှစ်တုန်းကလည်း INNO (Group)က (၂၀၂) မိုင် ရှေးဦးပြုစုခြင်း စခန်းဆောက်လုပ်ရန်အတွက် လှူဒါန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံသည် နှစ်ပေါင်းရှည်ကြာစွာ ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့သည့် မိတ်ဖက် အာရှနိုင်ငံတွေ ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး INNO (Group) မှ Chairman Mr. Seog Chang Son က လူနာတင်ယာဉ် လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူနာတင်ယာဉ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက INNO (Group) မှ Chairman Mr. Seog Chang Son အား ဂုဏ်ပြုမှတ်တမ်းလွှဲနှင့် အမှတ်တရ ပစွည်း ပြန်လည်ပေးအပ်ခဲ့သည့်။ ထို့အပြင် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ လှူနာတင်ယာဉ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။