မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၁၇ ခုနှစ် (အမျိုးသား)ထူးချွန်ဝန်ထမ်း ဦးဇော်တင့်

  19/ May/ 2018

၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ထူးချွန်ဝန်ထမ်း(အမျိုးသား)အဖြစ် ရွေးချယ်ခံရသော ဦးဇော်တင့် (အသက်- ၄၀) သည် လူမှုကရုဏာ လုပ်ငန်းများကို ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အဝင်အဖြစ် ၁၉၉၁ ခုနှစ်မှ စတင်ပြီး ပါဝင်ဆောင်ရွက်ခဲ့သည်။ ၎င်းသည် နာဂစ်ပြန်လည်ထူထောင်ရေး ကာလများတွင်လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်း လပွတ္တာမြို့နယ်ရုံးခွဲမှာ အသက်မွေးဝမ်းကြောင်း ဆိုင်ရာ နည်းပညာရှင် (Livelihood Technician) အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၄ စက်တင်ဘာလမှ စတင်ပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်း ရခိုင်ပြည်နယ်အထူးဒေသစီမံချက် (Rakhine Special Programme) တွင် အသက်မွေးဝမ်းကြောင်း ဆိုင်ရာ ကွင်းဆင်းအရာရှိ (Livelihood Field Officer) အဖြစ် တာဝန်ထမ်းခဲ့ဆောင်ပြီး ၂၀၁၆ ခုနှစ် ဇွန်လတွင် စီမံကိန်း ညှိနှိုင်းရေးမှူး (program coordinator ) အဖြစ် ရာထူးတိုးမြှင့် ခံခဲ့ရသည်။

၂၀၁၇တွင် Community Resilience Program ၌ အသက်မွေးဝမ်းကြောင်းဆိုင်ရာ (Livelihood), ရေနှင့် သန့်ရှင်းရေး (WASH), DRRနှင့် ကျန်းမာရေး အသိပညာပေးခြင်း (HEALTH Education) များကို တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၂၀၁၇ ခုနှစ် အတွင်းမှာပင် မင်းပြားနှင့် မောင်တော ဒေသများရှိ ကျေးရွာများအားဆန်းစစ်လေ့လာခြင်းများပြုလုပ်ပြီး စီမံချက် ကျေးရွာများကို ရွေးချယ်ပေးနိုင်ခဲ့ပြီး လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအကြားကာလများတွင်လည်း ရခိုင်အထူးစီမံချက်မှ စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် စွမ်းစွမ်းတမံ ကြိုးစားအကောင်အ ထည်ဖော် လုပ်ဆောင်နိုင်ခဲ့ခြင်းအတွက် ဦးဇော်တင့်အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ၂၀၁၇ ခုနှစ်အတွက် ထူးချွန်ဝန်ထမ်း အဖြစ် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။