မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဂါရဝပြု သြဝါဒခံယူ

  21/ Feb/ 2018

နေပြည်တော်၊ ဖေဖော်ဝါရီ
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား သမ္မတအိမ်တော်တွင် တွေ့ဆုံဂါရဝပြု လမ်းညွှန်ချက် ခံယူခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း နာယက နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမင်းသူ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်လတ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးမောင်မောင်ခင်၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးပေါ်မြင့်ဦး၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးဂဲနက်စ်၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးမျိုးမင်းနောင်၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးဝေဠုကျော်နှင့် တာဝန်ရှိသူများ တက်ရောက် ဂါရဝပြုခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ နာယကအဖြစ် ပထမဆုံးအကြီမ်တွေ့ဆုံတာဖြစ်သည့်အတွက် ဝမ်းမြောက်ကြောင်း၊ အသင်းသည် လူမှုကရုဏာလုပ် ငန်းများကို စေတနာအရင်းခံကာ လူသားချင်းစာနာပြီး ဘက်မလိုက်ဘဲ ကြားနေကာ ဦးစီးဦးဆောင်ပြုနေသည့် အသင်းဖြစ်ကြောင်း၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် စေတနာလုပ်အားရှင်းများကို နိုင်ငံတော်ကိုယ်စား သမ္မတအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ အသင်းအနေဖြင့် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများကို လိုအပ်သည်များရှိကပါ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း၊ ရှေ့လျောက်တွင်လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ အဆက်မသွယ်မပျက် ထိတွေ့ နှီးနှောမှု ရှိစေချင်ကြောင်း စသည့်ဖြင့် လမ်းညွှန်ချက်များ ပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက အသင်း၏အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များကို ပြန်လည်တင်ပြခဲ့ရာ- အသင်းသည် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်စသည့် ပဋိပက္ခဖြစ်ပွားနေသော နေရာ ဒေသများအပြင် သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအနေဖြင့် လူထုအခြေပြုဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး၊ ဘေးအန္တရာယ်များ တုံ့ပြန်နိုင်ရန် ပြင်ဆင်ရေးနှင့် ကူညီကယ်ဆယ်ရေး စီမံချက်ပေါင်း (၅၀) ကျော်ကို ကြက်ခြေနီလှုပ်ရှားမှုနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပံ့ပိုးသော ပျှမ်းမျှအလှူငွေ သန်း (၁၄၅၀၀) ကျပ် (သို့မဟုတ်) အမေရိကန်ဒေါ်လာ (၁၁) သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသင်းသည် ၂၀၁၇ခုနှစ်တွင် သန်း(၁၉၀၀၀)အား အကူအညီလိုအပ်နေသူု (၅)သိန်းကျော်ခန့်ထံသို့ ပေးအပ်နိုင်ခဲ့ကြောင်း၊ အသင်းတွင် ဝန်ထမ်း (၆၀၀)ကျော်နှင့် စေတနာ့လုပ်အားရှင် (၄၀၀၀၀)ကျော်တို့မှ လှုမှုကရုဏာလုပ်ငန်းအား ဆောင်ရွက်လျက်ရှိပြီး အသင်း၏ရန်ပုံငွေဖြင့် ဝန်ထမ်း (၆၀)ကျော်အားခန့်ထားပေးလျက်ရှိပါကြောင်း စသည့်ဖြင့်တင်ပြခဲ့ပါသည်။

နိုင်ငံတော်သမ္မတမှ တင်ပြချက်များအပေါ် ပြန်လည် လမ်းညွှန် သြဝါဒပေးခဲ့ပြီး၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအား နိုင်ငံတော်မှ အလှူငွေကျပ် သိန်း (၅၀) ကျပ်တိတိနှင့် သမ္မတမှ လှူဒါန်းငွေ ၁၀၀,၀၀ဝိ/ ကျပ်တိတိအား ပေးအပ် လှူဒါန်းခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌမှ နိုင်ငံတော်သမ္မတအား လက်ဆောင်ပစွည်း ပြန်လည် ပေးအပ်ခဲ့ပါသည်။ ထိုနောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ဂါရဝပြုတွေ့ဆုံခြင်း အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။