၂၀၁၈ ခုနှစ် “ထူးချွှန်ကြက်ခြေနီအမျိုးသမီး” ဂုဏ်ပြုဆုချီးမြှင့်ခံရသော ဒေါ်စုစုလှိုင်အား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူ

  05/ Jul/ 2018

= = = မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့အထက(၁)ရွှေရတုခန်းမ၌ ကျင်းပသော ၂၀၁၈ ခုနှစ် “ မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အောင်လံမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်စုမှူး ဒေါ်စုစုလှိုင်သည် ၂၀၁၈ ခုနှစ် “ထူးချွှန်ကြက်ခြေနီအမျိုးသမီး” ဂုဏ်ပြုဆု ချီးမြှင့်ခံရခြင်းအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် ဝမ်းမြှောက် ဂုဏ်ယူရပါသည်။ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်စုမှူး ဒေါ်စုစုလှိုင်သည် အောင်လံမြို့နယ်အတွင်း ရေဘေး၊ မီးဘေး၊ လေဘေးများနှင့် မတော်တဆ ယာဉ်တိုက်ခြင်း/တိမ်းမှောက်ခြင်းများတွင် အားကြိုးမာန်တက် စွမ်းစွမ်းတမံ လူမှုကရုဏာလုပ်ငန်းများကို ကူညီဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့ အမျိုးသမီးရေးရာအဖွဲ့မှ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် အထက(၁) ရွှေရတုခန်းမ၌ ကျင်းပသော ၂၀၁၈ ခုနှစ် “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် အခမ်းအနားတွင် “ထူးချွှန်ကြက်ခြေနီအမျိုးသမီး” ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ အောင်လံမြို့ အမျိုးသမီးရေးရာအဖွဲ့သည် နှစ်စဉ် အောင်လံမြို့နယ်အတွင်းရှိ အမျိုးသမီးများ၏ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အားကျိုးမာန်တက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အမျီုးသမီးများ၏ အကျိုးစီးပွားအတွက် စိတ်ရင်းစေတနာဖြင့် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အမျိုးသမီးများကို မှတ်တမ်းတင် ဂုဏ်ပြုချီးမြှောက်ခြင်း ဖြစ်ပါသည်။