၂၀၁၈ ခုနှစ် ရန်ကုန်မြို့မဟာသင်္ကြန်ပွဲတော်တွင် ကြက်ခြေနီမှ ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကူညီလုပ်ဆောင်မည်

  11/ Apr/ 2018

ရန်ကုန်၊ ဧပြီ

၂၀၁၈ ခုနှစ် မဟာသင်္ကြန်ကာလတွင် ရန်ကုန်မြို့၌ မြန်မာ့ရိုးရာသင်္ကြန်ကို ပါဝင်ဆင်နွဲကြသော အများပြည်သူများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီစောင့်ရှောက်မှုများ ပေးနိုင်ရန် ၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံဆေးခန်းများသို့ အချိန်မှီညွှန်းပို့နိုင်ရန် တို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ရန်ကုန်တိုင်း ဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ ဦးဆောင်၍ ရေကစား မဏ္ဍာပ်နေရာများတွင် ကူညီ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် မဟာသင်္ကြန်ရေကစားမဏ္ဍာပ်နေရာများတွင် ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုများပေးသွားမည့် မဏ္ဍာပ်နေရာများနှင့် မြို့နယ်အလိုက် ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

ဗဟိုမဏ္ဍာပ်၊ မြို့တော်ခန်းမ

ဦးတင်ကိုကို (ဦးစီးမှူး(ဒုတိယတန်း))                ၀၉ ၅၅၀၀၄၉၀၊ ၀၉ ၃၂၂၄၈၉၉၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အင်းလျားကန်ဘောင်၊ IBC ၊ ပြည်လမ်းနှင့် မြကျွန်းသာပန်းခြံ၊ ကမ္ဘာအေးစေတီလမ်း

ဦးမောင်မောင်ဦး (ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး)       ၀၉ ၅၀၅၃၃၅၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သုဝဏ္ဏအားကစားကွင်း၊ ရခိုင်မဏ္ဍာပ်၊ ကန်တော်ကြီးမျှော်စင်ကျွန်း

ဦးခင်သန်း (ယာယီခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး)      ၀၉ ၄၂၁၁၀၉၆၇၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ သံလျှင်မြို့မဈေးအနီး

ဦးနေလင်းထွန်း (ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး)        ၀၉ ၄၂၁၁၀၉၆၉၇၊၀၉ ၇၉၉၄၄၃၀၁၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်၊ လှော်ကားဥယျာဉ်

ဦးထိန်လင်း (ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး)             ၀၉ ၇၃၀၄၂၇၉၇၊ ၀၉ ၂၆၁၈၀၄၀၈၅ အဆိုပါနေရာဒေသအလိုက် ကူညီစောင့်ရှောက်မှုပေးခြင်းများကို ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဒုတိယတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်မင်းမင်းကိုမှ ဦးဆောင်ကွပ်ကဲ၍ သက်ဆိုင်ရာ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၀၀) ကျော်ဖြင့် ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။