၂၀၁၈ ခုနှစ် မဟာသင်္ကြန်ကာလတွင် မန္တလေးမြို့၌ မြန်မာ့ရိုးရာသင်္ကြန်ကို ပါဝင်ဆင်နွဲကြသော အများပြည်သူများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီစောင့်ရှောက်မှုမျာ

  11/ Apr/ 2018

မန္တလေး၊ ဧပြီ

၂၀၁၈ ခုနှစ် မဟာသင်္ကြန်ကာလတွင် မန္တလေးမြို့၌ မြန်မာ့ရိုးရာသင်္ကြန်ကို ပါဝင်ဆင်နွဲကြသော အများပြည်သူများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီစောင့်ရှောက်မှုများ ပေးနိုင်ရန် ၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံဆေးခန်းများသို့ အချိန်မှီညွှန်းပို့နိုင်ရန် တို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မန္တလေးတိုင်း ဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ ဦးဆောင်၍ ရေကစား မဏ္ဍာပ်နေရာများတွင် ကူညီ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၂၀၁၈ ခုနှစ် မဟာသင်္ကြန်ရေကစားမဏ္ဍာပ်နေရာများတွင် ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုများပေးသွားမည့် မဏ္ဍာပ်နေရာများနှင့် မြို့နယ်အလိုက် ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

ဗဟိုမဏ္ဍာပ်နှင့် ၂၆ လမ်းမှ လမ်း ၈၀ အထိ

ဦးသိန်းနိုင် (ကြက်ခြေနီတပ်ဖွဲ့မှူး)                             ၀၉ ၇၉၇၂၄၆၂၁၇

လမ်း ၈၀၊ ၂၆ လမ်းမှ ၁၂ လမ်း အထိ

ဦးတင်မိုးအောင် (ကြက်ခြေနီတပ်ဖွဲ့မှူး)              ၀၉ ၂၅၇၀၈၂၂၁၅

၁၂ လမ်း၊ လမ်း ၈၀မှ ၆၆ လမ်း အထိ

ဦးသုဝဏ် (ဒု-မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး)         ၀၉ ၇၉၆၅၁၅၁၀၀

၆၆ လမ်း၊ ၁၂ လမ်းမှ ၂၆ လမ်း အထိ

ဦးမိုးကျော် (မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး)           ၀၉ ၄၀၂၆၃၅၄၅၀

၆၆ လမ်း၊ မနော်ရမံကွင်း

ဦးသန့်ဇင်ဦး (ကြက်ခြေနီတပ်ဖွဲ့မှူး)                  ၀၉ ၄၄၄၀၁၁၁၆၁

ကန်တော်ကြီးပတ်လည်

ဦးမြင့်သိန်း (ကြက်ခြေနီတပ်ဖွဲ့မှူး)                   ၀၉ ၂၅၉၁၈၈၈၂၅

အမရပူရ၊ တောင်သမန်အင်း

ဦးညွှန့်ဝင်း (ကြက်ခြေနီတပ်ဖွဲ့မှူး)                    ၀၉ ၄၀၂၆၀၂၅၀၀

တိုင်းကွပ်ကဲရေးအဖွဲ့၊ တိုင်းရုံး           ၀၉ ၄၀၂၅၃၉၈၅၆

အဆိုပါနေရာဒေသအလိုက် ကူညီစောင့်ရှောက်မှုပေးခြင်းများကို မန္တလေးတိုင်းဒေသကြီးကြက်ခြေနီ သူနာပြုတပ်ဖွဲ့  ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁၇၀) ကျော်ဖြင့် ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။