၇၃နှစ်မြောက်အာဇာနည်နေ့အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ တက်ရောက်ဂါရဝပြု

  19/ Jul/ 2020

ရန်ကုန်၊ ဇူလိုင် ၁၉

၂၀၂၀ပြည့်နှစ်၊ ၇၃နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက် ၈နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်နှင့် အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်တို့တက်ရောက် ဂါရဝပြု လွမ်းသူ့ပန်းခွေ ချခဲ့ပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၁၅၅ဦးတို့က နံနက် ၅နာရီမှ ညနေ ၅နာရီအချိန်ထိ အာဇာနည်ဗိမာန်နှင့် ဝန်ကြီးများရုံးသို့ လာရောက်ကြသည့် ပြည်သူများအတွက် လူနာတင်ယာဉ် ၆ စီးဖြင့် ရှေးဦးပြုစုခြင်းပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကူညီပေးခဲ့ကြပါသည်။