(၈၃)ကြိမ်မြောက်ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး(ဒုတိယနေ့)အခမ်းအနားကို Online Video Conferencing စနစ်ဖြင့် ဆက်လက်ကျင်းပ

  26/ Sep/ 2020

နေပြည်တော်၊ စက်တင်ဘာ ၂၆

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ (၈၃)ကြိမ်မြောက်ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး (ဒုတိယနေ့)အစီအစဉ်အခမ်းအနားကို ယနေ့ နံနက် ၉နာရီအချိန်တွင် Online Video Conferencing ဖြင့်ဆက်လက်ကျင်းပပြုလုပ်ရာ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်/အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ ကြက်ခြေနီတပ်ဖွဲ့မှူးချုပ်နှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အသင်းမှ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်လျက်ရှိပါသည်။
ယနေ့(ဒုတိယပိုင်း)အစီအစဉ်များတွင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့မှ ဆောင်ရွက်ပြီးစီးမှုအစီအရင်ခံစာများတင်ပြခြင်း၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းမဟာဗျူဟာစီမံကိန်း(၂၀၂၁ခုနှစ်၂၀၂၅)ခုနှစ်ထိတင်ပြခြင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ရှိန်မှ ရှေးဦးပြုစုခြင်းမူဝါဒတင်ပြခြင်း၊ လူသားအရင်းအမြစ်ဌာနညွှန်ကြားရေးမှူးဒေါ်ချမ်းမင်းဦးက ကလေးသူငယ်အကာအကွယ်ပေးရေးဆိုင်ရာမူဝါဒနှင့် အလုပ်သင်မူဝါဒတင်ပြခြင်းနှင့် အရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးမှ အရင်းအမြစ်စုစည်းအသုံးချရေးမူဝါဒတင်ပြခြင်းတို့တင်ပြခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ အထွေထွေညှိနှိုင်းဆွေးနွေးခြင်းများနှင့် အကြံပြုတင်ပြချက်များပြုလုပ်ခြင်း၊ တင်ပြချက်များအပေါ် အသင်းဥက္ကဌမှ ခြုံငုံသုံးသပ်ခြင်းများပြုလုပ်ခဲ့ပါသည်။
ယင်းနောက် (၈၃)ကြိမ်မြောက်ကြက်ခြေနီညီလာခံတွင် ဆုံးဖြတ်ချက်(၂)ရပ်၊အတည်ပြုခြင်း(၁၃)ရပ်နှင့် မှတ်တမ်းတင်ခြင်း (၁၃)ရပ်တို့ကို ပြုလုပ်ခဲ့ကာ အခမ်းအနားကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။