မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ၊ မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်နှင့် တွေ့ဆုံ

  08/ Mar/ 2018

ရန်ကုန်၊ မတ်

၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူသည် မြန်မာနိုင်ငံဆိုင်ရာ တူရကီ သံအမတ်ကြီး H.E. Mr. Kerem Divanlioglu အား မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန် (ရုံးခွဲ) ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းအချိန်ပြည့် အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တူရကီသံရုံးမှ  Deputy Head of Mission ဖြစ်သူ Mr.Eymen Ozsahin နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။