COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် အားဖြည့်အချိုရည်များ လှူဒါန်း

  28/ Aug/ 2020

ရန်ကုန်၊ ဩဂုတ် ၂၈

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်သည် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့သော COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် Otsuka Myanmar Co.,Ltdမှ အားဖြည့်အချိုရည်များ လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ လှူဒါန်းပွဲတွင် Otsuka Myanmar Co.,Ltdမှ Marketing Executive များဖြစ်ကြသော ဦးဖြိုးဝေမောင်နှင့်ဒေါ်ဇင်မာမိုး တို့က ကျပ် ၉၃၆,၀၀၀ိ/တန်ဖိုးရှိ Pocari Sweat အားဖြည့်အချိုရည် ၁၅၆၀ ဘူး ကို ပေးအပ်လှူဒါန်းခဲ့ရာ အသင်း ဒုတိယဥက္ကဌ
ဒေါက်တာဒေါ်အမယာမော်နိုင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
လှူဒါန်းပွဲသို့ အသင်း ဒုတိယဥက္ကဌနှင့်အတူအရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုး နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။