COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များ ပူးပေါင်းဆောင်ရွက်

  20/ Jan/ 2022

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)သည် ရပ်ရွာလူထုအတွက် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကူညီဆောင်ရွက်လျက်ရှိသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ပေးနေပါသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့ကလည်း မြိတ်မြို့ အခမဲ့ဖျားနာဆေးကုခန်း (Fever Clinic)တွင် တာဝန်ရှိ ဆရာဝန်များ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းကာ ကျေးရွာများမှ ပြင်ပလူနာ (၉၈)ဦးအား COVID-19 စည်းကမ်းချက်များနှင့်အညီ အခမဲ့ကြည့်ရှုကုသပေးခဲ့ပါသည်။