MRCS နှင့် WFP တို့ပူးပေါင်းပြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရပ်ကွက်များတွင် ဒုတိယအကြိမ် ဆန်ဆက်လက်ဖြန့်ဝေ

  09/ Nov/ 2021

ရန်ကုန်၊ နိုဝင်ဘာလ (၉) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်းဆောင်ရွက်သည့် ဆန်ဖြန့်ဝေခြင်းလုပ်ငန်းကို ဒုတိယအကြိမ်အဖြစ် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရပ်ကွက် (၃) ခုတွင် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ (၇၉)၊ (၉၁)နှင့် (၂) ရပ်ကွက်အတွင်းရှိ ရပ်ရွာလူထုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် (၂၅) ပြည်နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၂၄၅၈) စုအား ဆန်အိတ်ပေါင်း(၂၄၅၈) ကိုဖြန့်ဝေပေးနိုင်ခဲ့ပါသည်။ ဆက်လက်ပြီး မြို့နယ်အတွင်းရှိ ကျန်ရပ်ကွက်များကိုလည်း ဖြန့်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။