MRCS နှင့် WFP တို့ပူးပေါင်းပြီး ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်များတွင် ဆန်ဖြန့်ဝေ

  08/ Nov/ 2021

ရန်ကုန်၊ နိုဝင်ဘာလ (၈)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်းဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက် (၃) ခုတွင် နေထိုင်သည့် လက်လုပ်လက်စား ပြည်သူများအား ဆန်ဖြန့်ဝေခြင်းကို ပြုလုပ်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၅) ရက်နေ့က ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အမှတ် (၂)၊ (၃) နှင့် (၄) တို့ရှိ အိမ်ထောင်စု(၂,၅၄၄)စုအား အိမ်ထောင်စုတစ်စုလျှင် ၅၀ kg ဆန် (၂၅) ပြည်နှုန်းဖြင့် ဆန်အိတ်ပေါင်း (၂,၅၄၄)အိတ်ကို ဖြန့်ဝေပေးခဲ့ပါသည်။
ဆက်လက်ပြီး မြို့နယ်အတွင်းရှိ ကျန်ရပ်ကွက်များတွင်လည်း ဖြန့်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ဆန်ဖြန့်ဝေခြင်းကို ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်းကလည်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရပ်ကွက်များရှိ ပြည်သူများအား ဆန်ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ပါသည်။