ဟင်္သာတမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မီးဘေးသင့်သူများအား သွားရောက် ကူညီ

  01/ Mar/ 2020

ဟင်္သာတ၊ မတ်လ ၁ရက်

၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၂၉ရက်နေ့က ဟင်္သာတမြို့နယ် ဘုရားကြီးရပ်ကွက် ကုန်ရုံလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု(၁၀)စု အိုးအိမ်ဆုံးရှုံးခဲ့ရသည်။
၂၀၂၀ပြည့်နှစ် မတ်လ၁ရက်နေ့တွင် အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဟင်္သာတမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ၊ ဒုဥက္ကဌ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များမှ သွားရောက်ကာ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း၊ စောင်၊ ခြင်ထောင်၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် တူများကို မီးဘေးသင့်အိမ်ထောင်စု၁၀စုစာအတွက်ထောက်ပံ့ပေးခဲ့ပါသည်။