တာချီလိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ ကြက်ခြေနီ ကူညီဆောင်ရွက်

  10/ Sep/ 2021

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်
တာချီလိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား ကုသရေးစင်တာများသို့လည်းကောင်း အရေးပေါ်လူနာများအား ဆေးရုံဆေးခန်းများသို့လည်းကောင်း ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခြင်း၊ အောက်စီဂျင်လိုအပ်သော ကိုဗစ်-၁၉ လူနာများအတွက် အောက်စီဂျင်ရရှိရန်ဆောင်ရွက်ပေးခြင်း၊ အစားအစာနှင့် သောက်ရေသန့်ဘူးများ ကူညီပို့ဆောင်ပေးခြင်းနှင့် လူနာများအား စိတ်ပိုင်းဆိုင်ရာအားပေးခြင်းတို့ကို ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင် တာချီလိတ်ခရိုင်၊ မိုးလုံလေလုံအားကစားကွင်း၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် လူနာများလိုအပ်သော အကူအညီများကို နေ့စဉ် ကူညီပံ့ပိုးပေးလျှက်ရှိပါသည်။