နေရပ်စွန့်ခွာပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီ အသင်းက ဆန်နှင့်ငွေသားများ ထောက်ပံ့ကူညီ

  10/ Mar/ 2022

တောင်ကြီး၊ ၂၀၂၂ခုနှစ်၊ မတ်လ(၁၀)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နေရပ်စွန့်ခွာပြည်သူများအား လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့မှုအစီအစဉ်အဖြစ် ဆန်နှင့်ငွေသားများ ထောက်ပံ့ကူညီခြင်းကို ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစီအစဉ်အရ မတ်လ(၆)ရက်နေ့မှ မတ်လ(၉) ရက်နေ့အထိ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နှင့် လွိုင်လင်မြို့ရှိ နေရပ်စွန့်ခွာ စခန်း (၄၀)ခုနှင့် နေအိမ်များတွင် နေထိုင်သူ အိမ်ထောင်စု (၇၆၆)စု ၊ လူဦးရေ (၂၉၆၈)ဦး အတွက် ဆန် (၂၅) ကီလို (၇၆၆) အိတ်နှင့် ငွေသား ၂၅,၀၀၀ကျပ် နှုန်းဖြင့် စုစုပေါင်း ၁၉,၁၅၀,၀၀၀ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့သို့ပေးအပ်ရာတွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးညီညီ၊ အသင်းဌာနချုပ် ဘေးအန္တ
ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်နှင့် မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက နေရပ်စွန့်ခွာသူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။