ရေးဘေးကူညီကယ်ဆယ်ရေးအတွက် ကြက်ခြေနီမှ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုစင်တာ ဖွင့်လှစ်ဆောင်ရွက်

  29/ Jul/ 2018

ရေးဘေးကူညီကယ်ဆယ်ရေးအတွက် ကြက်ခြေနီမှ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုစင်တာ ဖွင့်လှစ်ဆောင်ရွက် ============================== ရန်ကုန်၊ဇူလိုင်လ။

မြန်မာနိုင်ငံတဝန်းတွင်ဇူလိုင်လတတိယပတ်မှစတင်ကာ မုတ်သုံမိုးပိုမိုအားကောင်းလာခြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး

မြစ်၊ချောင်းများတွင် ရုတ်တရက်မြစ်ရေကြီးမှုအခြေအနေများဖြစ်ပေါ်သည်။ အဆိုပါရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားရသော ရပ်ရွာပြည်သူလူထုအား ထိရောက်စွာ အကူအညီပေးနိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူ ၏လမ်းညွှန်ချက်နှင့် အညီ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုစင်တာ( Emergency Operation Centre, EOC) အားဖွင့်လှစ်၍ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ ဦးဆောင်ကာ ထိခိုက်ခံစားရသော ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများနှင့်ချိတ်ဆက်ကာ လူမှုကရုဏာအကူအညီများပေးအပ်ဆောင်ရွက်လျက်ရှိသည်။ ရေးဘေးကြောင်းထိခိုက်ခံစားရသူပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ ပူးပေါင်းပါဝင်ကူညီလှူဒါန်းနိုင်ကြပါကြောင်နှင့် လှူဒါန်းလိုသူများအနေဖြင့် –

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုစင်တာ(EOC)  အမှတ်(၄၂)၊(၂)လွှာ၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် – ဦးအောင်သောင်းရွှေ၊ဒုတိယညွှန်ကြားရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဖုန်း- ၀၉၄၃၁၅၉၇၃၇, ၀၉၆၉၅၁၂၁၃၆၇  သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းအသိပေးအပ်ပါသည်။