လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

  09/ Apr/ 2021

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၂၀၂၁ခုနှစ်၊ ဧပြီလ(၉)ရက် “ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ကြက်ခြေနီအသင်းခွဲက အထွေထွေရောဂါကုအခမဲ့ဆေးခန်းကို ၂၀၂၁ခုနှစ်၊ မတ်လ(၂၁)ရက်က စပြီးဖွင့်ထားတာပါ။တနင်္ဂနွေ၊ အင်္ဂါနဲ့ကြာသပတေးနေ့တွေမှာ နံနက်(၈)နာရီကနေ နေ့လည်(၁၂)နာရီအထိ ပြည်သူတွေကိုကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်။တစ်နေ့ကို ပြည်သူ(၃၀)ဦးခန့် လာရောက်ကုသမှုခံယူကြတာတွေ့ရပြီး ကြက်ခြေနီစေတနာလုပ်အားရှင်တွေကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်လို့” ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက် ရဲ့ ပီတိဖြစ်ဖွယ်‌‌စကားကို ကျေးဇူးတင်စွာနဲ့ဖော်ပြလိုက်ရပါတယ်။