31/ Aug/ 2020

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၁ရက်နေ့က နမ္မတူမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းကိုနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ အမှတ်(၁)သတ္တုတွင်းရုံးခွဲတွင် ပင်စင်လစာလာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ အလားတူ တန့်ယန်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းစန်းလှထွန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက တန့်ယန်းမြို့နယ်ရှိ မြို့ဝင်ဂိတ်နှင့် ကားဂိတ်များတွင် ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ပိုစတာများကပ်ခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

Read More

  31/ Aug/ 2020

ရေစကြိုတွင် ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်

၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၁ရက်နေ့က မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ရှိ ရပ်ကွက်များ၊ လမ်းများတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းတို့ကို ရေစကြိုမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်ကျော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြသည်။

Read More

  31/ Aug/ 2020

ကချင်ပြည်နယ်ဝန်ကြီးချုပ်အား အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် သွားရောက်တွေ့ဆုံ

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၃၁ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌဒေါက်တာမောင်မောင် မြင့်နှင့်အဖွဲ့ဝင်များအားလက်ခံတွေ့ဆုံပြီး အသင်း၏ ရှေ့လုပ်ငန်းစဉ်များ၊ နေရပ်စွန့်ခွာပြည်သူများအား လူမှုကရုဏာအကူအညီများပေးနိုင်ရန်ကိစ္စရပ်များ၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာတွင်ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုဖြစ်စဉ်ကြောင့် ထိခိုက်ခံစားခဲ့ရသူများအားဆက်လက်ထောက်ပံ့ရန် စီစဉ်ထားရှိမှုကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ယင်းနောက်အသင်းဥက္ကဌက COVID-19 ရောဂါကာကွယ်ရေးအဖြစ် COVID-19 Package၊ Surgical Cap နှင့် Gown ၂၀၀ခုတို့ကို ပြည်နယ်ဝန်ကြီးချုပ်ထံပေးအပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးဘရန်ဒီးနှင့်အဖွဲ့ဝင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်တို့ တက်ရောက်ခဲ့ပါသည်။

Read More

  24/ Aug/ 2020

ကယားပြည်နယ်မှ ရေဘေးသင့်ပြည်သူများအား ကြက်ခြေနီထောက်ပံ့

သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ကယားပြည်နယ်၊ ဖားဆောင်မြို့နှင့် ဘော်လခဲမြို့နယ်များမှ ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းကထောက်ပံ့သည့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း-၁၀၁(တစ်ပတ်စာ)၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း-၁၂ပုံး(တစ်လစာ)၊ အမျိုးသမီးဂုဏ်သိက္ခာထိန်းပစ္စည်း-၄၅ခု၊ ၅၀၀ Mlပါ လက်သန့်ဆေးရည် ၁၂ဗူးနှင့် ကာဘော်လစ်ဆပ်ပြာ ၂၀၀ခဲတို့အား ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၄ရက်က ပေးအပ်ခဲ့သည်။ ထို့အပြင် ဖားဆောင်မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ဘော်လခဲမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထိခိုက်ခံစားရသူများထံသို့ သွားရောက်၍ နှစ်သိမ့်အားပေးခြင်းများကိုလည်း ပြုလုပ်ခဲ့ကြပါသည်။

Read More

  02/ Aug/ 2020

ကျိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တရားလွှတ်တော်ရှေ့နေများအား ကိုယ်အပူချိန်တိုင်း

၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂ ရက်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရန်နိုင်နှင့် ဦးကောင်းခန့်တို့သည် ကျိုင်းတုံခရိုင်ဥပဒေရုံးရှိ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၂)၌ ပြုလုပ်သည့် တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲအတွက် ဆန္ဒမဲလာရောက်ပေးကြသည့် တရားလွှတ်တော်ရှေ့နေများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းပေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  29/ Jul/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် ရှေးဦးပြုစုခြင်းမူဝါဒ (၂၀၂၀)အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတက်ရောက်

ရန်ကုန်၊ ဇူလိုင် ၂၈
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ ဂျာမန်ကြက်ခြေနီ အသင်း တို့ပူးပေါင်းပြုလုပ်သည့် ရှေးဦးပြုစုခြင်းမူဝါဒ (၂၀၂၀)အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ၂၀၂၀
ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel ၌ကျင်းပခဲ့ပါသည်။  အခမ်းအနားသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်/အချိန်ပိုင်းအမှုဆောင်များဖြစ်ကြသော ဒေါက်တာတင်ညွန့်နှင့်ဒေါ်ကြူကြူဝင်း၊ ဒေါက်တာထိန်လင်းနှင့် ဒေါက်တာသိန်းငွေ၊အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိအထွေထွေအတွင်းရေးမှူးများ ဖြစ်ကြသော ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဒေါက်တာတင်ထွန်းအောင်၊ ညွန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ စီမံကိန်းမန်နေဂျာနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန တို့မှဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် အသင်းဥက္ကဌက အမှာစကားပြောကြားရာတွင် ရှေးဦးပြုစုခြင်းသည် အသင်း၏ ပင်မသွေးကြောတစ်ခု ဖြစ်သည့်အတွက် စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ရှေးဦးပြုစုခြင်း သင်တန်းများကို အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်အဆင့်များအထိ ယခုထက် ပိုမိုဖွင့်လှစ်နိုင်ရေးဆောင်ရွက်ကြစေလိုပါကြောင်း၊ရှေးဦးပြုစုခြင်း ပညာရပ်များ ပြန့်ပွားစေရန် အမျိုးသားအဆင့် အစီအမံများဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များရေးဆွဲကာ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊
ယခုလို ဆောင်ရွက်ရာတွင် အသင်း၏သတ်မှတ်ထားသော မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ်တွင်ထုတ်ပြန်ခဲ့သော ရှေးဦးပြုစုခြင်းမူဝါဒကို အသစ်ပြန်လည်ရေးဆွဲရခြင်း ဖြစ်ပါကြောင်း၊တက်ရောက်လာသူများ အနေဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရန် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဂျာမန်ကြက်ခြေနီအသင်း ဌာနေကိုယ်စားလှယ် Mr.Emilio က နှုတ်ခွန်းဆက်စကားပြောကြားကာ ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Read More

  30/ Jun/ 2020

မြဝတီတွင် နေရပ်ပြန်ပြည်သူများအား ကြက်ခြေနီမှဆက်လက်ကူညီ

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်နေ့က မြ၀တီမြို့၊ အမှတ်(၂)တံတားမှတစ်ဆင့် ပြန်လည်၀င်ရောက်လာကြသည့် နေရပ်ပြန်ပြည်သူများကို စာရင်းကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေး စာစောင်များ၊ ထမင်းနှင့်ရေသန့်ဘူးများကူညီခြင်း၊ သက်ဆိုင်ရာနေရပ်အသီးသီးသို့ညွှန်းပို့ကူညီပေးခြင်းတို့ကို မြ၀တီခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်နိုင်ဦးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သွင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၇) ဦး တို့သည် ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ တာဝန်ရှိသူများ စေတနာ့လုပ်အားရှင်များနှင့် အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

Read More

  23/ May/ 2020

ကြက်ခြေနီမှ ပြည်သူအားဝေမျှရန် နှာခေါင်းစည်းများ ချုပ်လုပ်

စစ်တွေမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၃၀)ဦးတို့သည် ပြည်သူများအားမျှဝေနိုင်ရန် နှာခေါင်းစည်းများကိုချုပ်လုပ်ခြင်းကို ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ အစိုးရနည်းပညာဌာနသက်မွေးသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် မေလ ၂၃ရက်နှင့် ၂၄ရက်နေ့များတွင် ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  15/ Apr/ 2020

စစ်တွေမြို့တွင် COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်းများ ဆောင်ရွက်

မြန်မာနိုင်ငံကြက်ခြေနီအသင်း ရခိုင်ပြည်နယ်စီမံချက်များစီမံခန့်ခွဲမှုယူနစ်နှင့် စစ်တွေမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်တို့ ပူးပေါင်းကာ စစ်တွေမြို့နယ်အတွင်း COVID-19ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၀ပြည့်နှစ် ဧပြီ ၁၅ရက်နေ့က ရခိုင်ပြည်နယ် အကူရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ရာဝင်းအတွင်း COVID-19ရောဂါကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ ပိုစတာများ၊ဗီနိုင်းများတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီူ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ လိုက်နာဆောင်ရွက်ရမည့် အချက်များကို တေးသရုပ်ဖော်ကာ အသိပညာပေးခဲ့ကြပါသည်။

Read More