21/ Apr/ 2021

လုပ်ငန်းခွင်၌ ဒဏ်ရာရသူတစ်ဦးကို ကြက်ခြေနီက ရှေးဦးပြုစုပြီး ဆေးရုံပို့ပေး

၂၀၂၁ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့ နေ့လည်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့မောင်ငံလမ်းဆုံတွင် လုပ်ငန်းခွင်၌ မတော်တဆပြုတ်ကျပြီး ဒဏ်ရာရသူ အမျိုးသားတစ်ဦးကို အား ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက ရှေးဦးပြုစု‌ေပးပြီး မော်လမြိုင်ဆေးရုံသို့ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု‌ေကာ်မတီမှ လူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့သည်။  

Read More

  21/ Apr/ 2021

နိုင်ငံဝန်ထမ်း(ငြိမ်း)အဘိုး၊အဖွား များကို ကြက်ခြေနီက ကျန်းမာရေးစောင့်ရှောက်မှုပေး

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဥ်းမနားမြို့နယ်ကြက်​ခြေနီတပ်ဖွဲ့မှူး ဦးသန်းနိုင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၇)ဦးတို့သည် ပျဥ်မနားမြို့မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာ လာရောက်ထုတ်ယူကြ​သော အဘိုး၊အဖွားများနှင့် ပြည်သူများအား ကျန်းမာရေးစောင့်​ရှောက်မှု​ပေးခြင်း၊ လက်သန့်ဆေးရည်နှင့်နှာ‌ခေါင်းစည်းများ ပေး​ဝေခြင်း တို့ကို ၂၀၂၁ခုနှစ်၊ ဧပြီလ(၂၁) ရက်နေ့မှ ဧပြီ(၂၃)ရက်နေ့အထိ ကူညီဆောင်ရွက်‌ပေးလျက်ရှိ‌သည်။  

Read More

  21/ Apr/ 2021

သွေးအန်သည့်လူနာကို ရှေးဦးပြုစုပြီး လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီ

၂၀၂၁ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့ ညပိုင်းတွင် မရမ်းကုန်းမြို့နယ် (၂)ရပ်ကွက်မှ နာမကျန်းအမျိုးသားတစ်ဦး သွေးအန်သဖြင့် လူနာတင်ယာဉ် အကူအညီတောင်းခံရာ လှိုင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မှ လူနာတင်ယာဉ်ဖြင့် ရောက်ရှိသည့်အချိန်တွင် လိုအပ်သည့် အပူချိန်တိုင်းတာခြင်း ၊ လူနာဆန်းစစ်ခြင်း နှင့် ရှေးဦးပြုစုခြင်းများပြုလုပ်ပြီး နေအိမ်မှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

Read More

  20/ Apr/ 2021

မြဝတီတွင် COVID- 19 ကာကွယ်ရေး ကြက်ခြေနီက နေ့စဉ်ကူညီဆောင်ရွက် လျှက်ရှိ

၂၀၂၁ခုနှစ်၊ ဧပြီလ(၂၀)ရက်နေ့တွင် ကရင်ပြည်နယ်မြဝတီမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြဝတီမြို့အမှတ်(၂)ချစ်ကြည်ရေးတံတား၌ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ဝင်ရောက်လာသော ခရီးသည်များ၊ တဖက်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးပြန်လည်ဝင်‌ရောက်လာသူများအား COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများဖြစ်သော ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ကူညီဆောင်ရွက်ခဲ့ပြီး ရောဂါကာကွယ်ရေးလုပ်ငန်းများကို နေ့စဥ်ဆောင်ရွက်လျက်ရှိပါသည်။

Read More

  20/ Apr/ 2021

တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲက Mobile First Aid အဖွဲ့ဖွဲ့ပြီး အကူအညီပေးလျက်ရှိ

၂၀၂၁ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သံဆူးသည့်လူနာတစ်ဦး၊ခွေးကိုက်ခံရသည့်လူနာတစ်ဦးကို ရှေးဦးပြုစုနည်းဖြင့် ပြုစုစောင့်ရှောက်ပေးခဲ့ကြောင်း သိရပါသည်။
"ကျွန်တော်တို့အသင်းခွဲအနေနဲ့ ဖေဖော်ဝါရီလ(၈)ရက်နေ့မှစတင်ကာ ကြက်ခြေနီစေတနာလုပ်အားရှင်(၂၀) ဦးဖြင့် Mobile First Aid အဖွဲ့ (၂)ဖွဲ့ ဖွဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူတွေကို ကျန်းမာရေးနှင့် ပတ်သက်တဲ့ အကူအညီများ ပေးလျက်ရှိပါတယ်။
ယင်းအဖွဲ့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များဖြစ်သည့် ဆရာဝန် (၅) ဦးကလည်းပူးပေါင်းဆေးကုသမှုပေးတဲ့အတွက် ဖေဖော်ဝါရီလ(၈)ရက်နေ့မှ ဧပြီလ(၂၀)ရက်နေ့အထိ ရှေးဦးပြုစု‌ပေးခြင်းနှင့် ဆေးရုံညွှန်းပို့တဲ့ လူနာ စုစုပေါင်း (၂၇၀)ဦးကို အကူအညီပေးခဲ့ပြီးဖြစ်ပါတယ်"လို့ တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌဦးအောင်မျိုးဦးက ယခုလိုပြောပြခဲ့တာဖြစ်ပါတယ်။

Read More

  19/ Apr/ 2021

သင်္ဃန်းကျွန်းမြို့နယ်ကြက်ခြေနီအသင်းခွဲက အရေးပေါ်ရှေးဦးပြုစုခြင်းနှင့် လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ကူညီပို့ဆောင်ပေးလျက်ရှိ

လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကြက်ခြေနီ
အသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရွေ့လျားရှေးဦးပြုစုခြင်းစခန်းများဖွင့်လှစ်ကာ ထိခိုက်ဒဏ်ရာရရှိသူများကို အရေပေါ်ရှေးဦးပြုစုပေးခြင်းနှင့် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သူများကိုဆေးရုံ/ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၂၁ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့မှဧပြီလ(၁၉)ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီ‌တပ်ဖွဲ့မှူး‌ဒေါ်စမ်းစမ်း‌မော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၆)ဦးတို့သည် မြို့နယ်အတွင်း ထိခိုက်ဒဏ်ရာရသူနှင့် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သူ(၂၃)ဦးတို့ကို အရေးပေါ်ရှေးဦးပြုစုခြင်း၊ ဆေးရုံ/ဆေးခန်းများသို့ ပို့ဆောင်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်း အရေးပေါ်ရှေးဦးပြုစုခြင်းနှင့် လူနာတင်ယာဉ်လိုအပ်ပါက 09-426060273, 09-73005116 သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။

Read More

  18/ Apr/ 2021

အရေးပေါ်‌မွေးလူနာများအား ဆေးရုံသို့ ပို့ဆောင်ကူညီ

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့ ညပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဆေးရုံဆင်း လူနာအား စျေးကြိုရပ်သို့ လည်းကောင်း၊ ဒေါင်းဇရပ်မှ မွေးလူနာအား မော်လမြိုင်ဆေးရုံသို့လည်း‌ကောင်း ကြက်ခြေနီစေတနာလုပ်အားရှင် (၃)ဦး တို့က ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရှိ လူနာတင်ယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။
အလားတူ ချောင်းဆုံမြို့နယ်၊ ဆယ်ပလာကျေးရွာမှ မွေးလူနာအား ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက မြို့နယ်အသင်းခွဲပိုင် လူနာတင်ယာဥ်ဖြင့် မော်လမြိုင်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။

Read More

  18/ Apr/ 2021

မုဒုံမှ လူနာအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် မော်လမြိုင်ဆေးရုံပို့ဆောင်ပေး

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့တွင် မွန်ပြည်နယ် မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးသည် ဓာတ်မှန်ရိုက်ရန်လိုအပ်သော လူနာအား မော်လမြိုင်ဆေးရုံသို့ အသင်းခွဲပိုင်လူနာတင်ယာဥ်ဖြင့် အသွားအပြန် ကူညီပို့ဆောင်ပေးခဲ့‌ကြသည်။  

Read More

  18/ Apr/ 2021

သတိလစ်မေ့မြောလူနာကို ကြက်ခြေနီက ဆေးရုံအရေးပေါ်ပို့ပေး

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့ နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းအောင်မိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးတို့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းမှ သတိလစ်မေ့မြောနေသော အမျိုးသားလူနာတစ်ဦးကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။  

Read More