08/ May/ 2021

ဆိုင်ကယ်မ‌ေတာ်တဆဖြစ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူကို ကြက်ခြေနီက ရှေးဦးပြုစု

၂၀၂၁ခုနှစ်၊ မေလ(၈)ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် မုဒုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မော်လမြိုင်မြို့သို့သွားရာတွင် လမ်းခရီး၌ ဆိုင်ကယ်မ‌ေတာ်တဆဖြစ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူကို တွေ့ရသဖြင့် ရှေးဦးပြုစုပေးခဲ့ကြပါတယ်။

Read More

  08/ May/ 2021

အလှူရှင် လှူဒါန်းသော ဆန်၊ ဆီများကို ထောက်ပံ့ရာတွင် ကြက်ခြေနီကူညီ

မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဦးလှထွန်း+(ဒေါ်တင်လှ)(ကိုလှထွန်းငြုပ်သီးမှုန့်)မိသားစုမှလှူဒါန်းသော ဆန်နှင့် ဆီများကို မော်လမြိုင်မြို့၊ ဒေါင်းဇရပ်ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ခြေ(၁၁၃)အိမ်အား တစ်အိမ်လျှင် ဆန်(၆)ပြည်တစ်အိတ်၊ ဆီ(၁)လီတာတစ်ဘူးတို့ကို ၂၀၂၁ခုနှစ်၊ မေလ(၈)ရက်နေ့တွင် အိမ်တိုင်ရာရောက်
သွားရောက် ထောက်ပံ့ခဲ့ရာ ကျိုက်မရောမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃၀)ဦး တို့မှ ပါဝင်ကူညီခဲ့ကြပါတယ်။

Read More

  08/ May/ 2021

ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား နေပြည်တော်၌ပြုလုပ်

၂၀၂၁ခုနှစ်၊မေလ(၈)ရက်နေ့၊ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ကရုဏာခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့၌ အသက်(၆၅)နှစ်အထိ စေတနာလုပ်အားရှင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော လယ်ဝေးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်သိန်းမြင့်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး ရှေးဦးပြုစုခြင်း(အခြေခံ)သင်
တန်း အများဆုံးဖွင့်လှစ်နိုင်ခဲ့သည့် ခရိုင်အားလည်းကောင်း၊ သွေးအများဆုံးလှူဒါန်းနိုင်ခဲ့သည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအားလည်းကောင်း၊ အရေးပေါ်အခြေအနေတွင်ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ်တင်နိုင်ခဲ့သည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား လည်းကောင်း ဂုဏ်ပြုဆုများ ချီးမြင့်ခဲ့ပါသည်။
ထို့နောက် COVID-19 ကာလတွင် ကြက်ခြေနီလူနာတင်ယာဥ်၀န်ဆောင်မှုအများဆုံးဆောင်ရွက်နိုင်ခဲ့သည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအားလည်းကောင်း၊ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် ကြက်ခြေနီစေတနာလုပ်အားရှင်အား လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

Read More

  08/ May/ 2021

ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲပြုလုပ်

၂၀၂၁ခုနှစ်၊ မေလ(၈)ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲကို မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

Read More

  08/ May/ 2021

အရေးပေါ်လိုအပ်နေသောသွေး ကြက်ခြေနီက လှူဒါန်း

၂၀၂၁ခုနှစ်၊ မေလ(၈)ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်စုမှူး ဦးခိုင်စိုးမင်းသည် မြို့နယ်ပြည်သူ့ဆေးရုံ၌ အရေးပေါ်လိုအပ်နေသော (B)သွေးတစ်လုံးကို ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အဖြစ် သွားရောက်လှူဒါန်းခဲ့ပါတယ်။

Read More

  08/ May/ 2021

မီးလောင်မှုဖြစ်ပွားရာတွင် ထိခိုက်ဒဏ်ရာရရှိသူများကို ကြက်ခြေနီက ရှေးဦးပြုစု

၂၀၂၁ခုနှစ်၊မေလ(၈)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂)၌ မီးလောင်မှုဖြစ်ပွားရာတွင် ထိခိုက်ဒဏ်ရာရရှိသော မီးသတ်တပ်ဖွဲ့ဝင်များအား
ရှေးဦးပြုစုပေးခဲ့ကြပါတယ်။

Read More

  07/ May/ 2021

ဦးခေါင်းထိခိုက်ဒဏ်ရာရသူကို ကြက်ခြေနီက ရှေးဦးပြုစုပေးပြီး ဆေးရုံသို့ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ မေလ (၇)ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် လှိုင်မြစ်လမ်း၌ ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဦး‌ခေါင်းထိခိုက်ဒဏ်ရာရသူတစ်ဦးအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးပြီး အသင်းခွဲမှကြက်ခြေနီလူနာတင်ယာဉ်ဖြင့်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။

Read More

  07/ May/ 2021

ယာဥ်မတော်တဆမူဖြစ်ပွားရာမှ ထိခိုက်ဒဏ်ရာရသူအား ကြက်ခြေနီက ရှေးဦးပြုစု

၂၀၂၁ခုနှစ်၊ မေလ(၇)နေ့ ညပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကရပ်ပြင်မီးပွိုင့်လမ်းဆုံ၌ ယာဥ်မတော်တဆမှုဖြစ်ပွားရာမှ ထိခိုက်ဒဏ်ရာရသူအား ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးခဲ့ပြီး
ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။

Read More

  06/ May/ 2021

မအူပင်တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် ထိခိုက်ခံစားရသူများကို ကြက်ခြေနီက ပစ္စည်းများ ထောက်ပံ့ကူညီ

၂၀၂၁ခုနှစ်၊ မေလ(၆)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်ခြင်းကြောင့် မြို့နယ်အတွင်းရှိကျေးရွာများမှ နေအိမ်(၁)လုံး ပျက်ဆီးခဲ့ရာ ထိခိုက်ခံစားရသော ပိန်းချောင်းကျေးရွာမှ အိမ်ထောင်စု(၅)စု၊ အိမ်ယာကြီးကျေးရွာမှ အိမ်ထောင်စု(၁)စု၊ ကံကုန်းကျေးရွာမှ အိမ်ထောင်စု(၁)စု၊ လေးအိမ်စုကျေးရွာမှ အိမ်ထောင်စု(၁)စု၊ နက်စဉ်ကျေးရွာမှ အိမ်ထောင်စု(၁)စု၊ တလုပ်လပ်နောက်ကျေးရွာမှ အိမ်ထောင်စု(၁)စု စုစုပေါင်းအိမ်ထောင်စု(၁၀)စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၀)စုံနှင့် တာပေါ်လင်(၁၀)ခုတို့ကို မအူပင်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦးတို့က မေလ(၁၁)ရက်နေ့တွင် သွား
ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။

Read More