12/ May/ 2021

အရိုးကျိုးသည့် အဖွားအိုအား ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ မေလ(၁၂)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်မှ အရိုးကျိုးသည့် အဖွားအို တစ်ဦးအား ဆေးရုံသို့ သွားရန်အကူအညီ တောင်းလာသဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ သွားရောက်ခဲ့ပြီး အသင်းခွဲမှ ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ကူညီ ပေးခဲ့ပါတယ်။  

Read More

  12/ May/ 2021

အရေးပေါ် မွေးလူနာအတွက် လိုအပ်သောသွေး ကြက်ခြေနီလှူ‌ဒါန်း

၂၀၂၁ခုနှစ်၊ မေလ(၁၂)ရက်နေ့ နေ့လည်ပိုင်းကဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ကြက်ခြေနီအသင်းခွဲ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယတပ်စိတ်မှူး ဦးမင်းမင်း​ဌေးသည် မအူပင်မြို့အထွေထွေရောဂါကုဆေးရုံကြီး၌ အရေးပေါ် မွေးလူနာအတွက် လိုအပ်သော (A)သွေး တစ်လုံးကို လှူဒါန်းခဲ့ပါတယ်။

Read More

  11/ May/ 2021

ကျေးရွာမှ မွေးလူနာကို ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်ပေး

၂၀၂၁ခုနှစ်၊ မေလ(၁၁)ရက်နေ့ နံနက်အစောပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကြည်မြင်တိုင်မြို့နယ် တဖက်ကမ်း အလပ်ချောင်းကျေးရွာမှ မွေးလူနာတစ်ဦးအား ကြည်မြင်တိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြပါတယ်။

Read More

  11/ May/ 2021

ကျောက်တော်တွင် အရေးပေါ်လိုအပ်သည့် သောက်သုံးရေ ကြက်ခြေနီလှူဒါန်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကဝိရတနာယာယီ‌ေနရပ်စွန့်ခွာစခန်းတွင် အရေးပေါ်သောက်ရေ၊ သုံးရေလိုအပ်မှုအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ အကူအညီဖြင့် ကျောက်တော်မြို့နယ်ကြက်ခြေနီအသင်းခွဲက တစ်ရက်ရေလီတာ(၉ဝဝဝ)နူန်းဖြင့် ၂၀၂၁ခုနှစ်၊ မေလ(၁)ရက်နေ့ မှ (၁၆)ရက်နေ့ထိ ပေးဝေလှူဒါန်းသွားမှာဖြစ်ပါတယ်။  

Read More

  11/ May/ 2021

လက်ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသားတစ်ဦးကို ကြက်ခြေနီက ဆေးရုံသို့ ပို့ဆောင်ကူညီ

၂၀၂၁ခုနှစ်၊ မေလ (၁၁)ရက်နေ့ ညပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်တွင် ခြေချော်ကျပြီး လက်ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသားတစ်ဦးကို အရေးပေါ်ဆေးကုသမှုခံယူရန် ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးက ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု‌ကော်မတီမှ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင် ကူညီပေးခဲ့ပါတယ်။

Read More

  11/ May/ 2021

ကလေးမွေးဖွားမည့်သူအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ကူညီပို့ဆောင်

၂၀၂၁ ခုနှစ်၊ မေလ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှ ကလေးမီးဖွားမည့်အမျိုးသမီး (၁) ဦးအား ဆေးကုသမှုခံယူရန်အတွက် ကြက်ခြေနီစေတနာလုပ်အားရှင် (၃) ဦးက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
ထို့အတူ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော လှည်းကူးမြို့နယ်မှ အမျိုးသမီး ၁ဦးအား ကြက်ခြေနီ‌စေတနာလုပ်အားရှင် (၂) ဦးက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Read More

  11/ May/ 2021

မွန်ပြည်နယ်တွင် မြို့နယ်များ၌ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် လူနာများကို ကူညီပြီး ဆေးရုံပို့ဆောင်‌ပေးလျက်ရှိ

၂၀၂၁ခုနှစ်၊ မေလ (၁၁)ရက်နေ့ ညပိုင်းက မွန်ပြည်နယ် ကျိုက်မ‌‌ေရာမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်သော ကလေးငယ်တစ်ဦးကို မော်လမြိုင်ဆေးရုံသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဉ်ဖြင့် ကူညီပြီး ပို့ပေးခဲ့ပါတယ်။
ထို့အတူ မေလ(၁၂)ရက်နေ့ နံနက်အ‌ေစာပိုင်းတွင်လည်း ကျိုက္ခမီကြက်ခြေနီအသင်းခွဲငယ်မှကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးသည် အူကျလူနာတစ်ဦးကို ဆေးရုံသို့ပို့ပေးခဲ့ပါတယ်။
ထို့နောက်သတိလစ်မေ့မြောနေသောအမျိုးသမီးလူနာတစ်ဦးကို ရှေးဦးပြုစုပေးပြီး ကျိုက္ခမီဆေးရုံ မှ သံဖြူဇရပ်ဆေးရုံသို့ ကြက်ခြေနီလူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။

Read More

  10/ May/ 2021

နေရပ်ပြန်ပြည်သူများအား ကြက်ခြေနီမှ ကူညီ

၂၀၂၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့က မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများအား Covid - 19 ရောဂါကာကွယ်ရေးလုပ်ငန်းများ‌ဆောင်ရွက်‌ပေးခြင်း၊ စိတ်ပိုင်း/လူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်း၊ အစားအစာများဝေငှခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှပံ့ပိုးပေးသည့် အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းများအားထောက်ပံ့ပေးခြင်းနှင့် သက်ဆိုင်ရာနေရပ်အသီးသီးသို့ပြန်လည်ထွက်ခွာလိုသူများအား ခရီးလမ်းညွှန်ပေးခြင်းတို့ကို တာချီလိတ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ခဲ့ကြပါသည်။

Read More

  10/ May/ 2021

သတိလစ်လဲကျသည့် အမျိုးသားတစ်ဦးကို ကြက်ခြေနီက ရှေးဦးပြုစုပြီး ဆေးရုံသို့ ပို့ပေး

၂၀၂၁ခုနှစ်၊ မေလ(၁၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက် စျေးရှေ့၌ နှာခေါင်းသွေးယိုစီးပြီးသတိလစ်လဲကျသွားသည့် အမျိုးသားတစ်ဦးကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးပြီး ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ပါတယ်။

Read More