18/ Nov/ 2020

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၁၈ရက်နေ့က ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေးနဲ့ စစ်တွေမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်နိုင်ဦး ဦးဆောင်တဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ စစ်တွေမြို့နယ်မှာရှိတဲ့ သာယာကုန်း(ကမန်းတိုင်းရင်းသား)ကျေးရွာမှာနေထိုင်ကြတဲ့ ကျေးလက်နေပြည်သူတွေကို ကိုဗစ်၁၉ရောဂါကာကွယ်ရေးအသိပညာပေးခြင်းနဲ့ ဗဟုသုတမျှဝေခြင်းတို့ကိုဆောင်ရွက်ဖို့အတွက် သွားရောက်ခဲ့ကြပါတယ်။ အဲ့ဒီလိုအသိပညာပေးဆောင်ရွက်ရာမှာ ရောဂါမဖြစ်ပွားဖို့အတွက် လိုက်နာဆောင်ရွက်ရမယ့်အချက်တွေကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြခဲ့ကြပြီး မကြာခဏလက်ဆေးဖို့၊ မလိုအပ်ဘဲအပြင်မထွက်ဖို့၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေထိုင်ကြဖို့နဲ့ အပြင်သွားတိုင်းနှာခေါင်းစည်းဝတ်ဆင်အသုံးပြုကြဖို့ တိုက်တွန်းခဲ့ကြပြီး ကြက်ခြေနီစေတနာလုပ်အားရှင်တွေကိုယ်တိုင်ချုပ်လုပ်ထားတဲ့ အဝတ်နှာခေါင်းစည်းတွေနဲ့ လက်သန့်စင်ဆေးရည်တွေကို မျှဝေပေးခဲ့ကြပါတယ်။

💚 စစ်တွေမြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ရောဂါကာကွယ်ရေးဆောင်ရွက်ရာမှာ ကျရာနေရာက မညည်းမညူပါဝင်ဆောင်ရွက်နေကြတာဖြစ်ပြီး စစ်တွေမြို့နယ်က အသင်းရုံးခွဲမှာလည်း အဝတ်နှာခေါင်းစည်းတွေ ကိုယ်တိုင်ချုပ်လုပ်ကာ ရပ်ရွာလူထုကို ဝေမျှနေကြတာပဲဖြစ်ပါတယ်။