10/ Nov/ 2020

👨‍👩‍👧‍👦👨‍👩‍👧‍👦 မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ကျောက်လုံးကြီးအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှာ နေရပ်ပြန်ပြည်သူတွေအတွက် လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းများနှင့် ငွေကြေးထောက်ပံ့မှုတွေကို အဆက်မပြတ်လုပ်ဆောင်နေပါတယ်။

🌺🌺 နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ပြည်ပနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ နေရပ်ပြန်ပြည်သူ (၅၃) ဦးကို အဝတ်အထည်၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ခရီးစရိတ်၊ စားစရိတ် စုစုပေါင်း (၂,၅၈၂,၀၀၀ိ/-) ကျပ်တိတိကို မြဝတီမြို့နယ်က ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သွင်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များကတဆင့် ထောက်ပံ့ပေးခဲ့ပါတယ်။