| RMS

ပိုမိုကောင်းမွန်သောဘဝများအတွက် ကြက်ခြေနီ အသက်မွေးဝမ်းကြောင်း အစီအစဉ်

  19/ Apr/ 2018

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ဒေါ်ခိုင်ယုဆွေသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ အထက်ဘက် ကီလိုမီတာ အနည်းငယ် အကွာတွင် ရှိသည့် မြစ်နားကျေးရွာလေးတွင် မိသားစုနှင့်အတူ နေထိုင်လျှက်ရှိသည်။

မိသားစုဝင်ငွေသည် သူမ၏ဆံပင်အရောင်းအဝယ်လုပ်ငန်းပေါ်တွင် တည်မှီနေသည်။ အဆိုပါလုပ်ငန်းကို မြန်မာ နိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်အတွင်း ရေဘေး၊ အကြမ်းဖက်မှုတို့ကြောင့် ထိခိုက် ခံစားရသူများကို အကူအညီပေးနေသည့် စီမံကိန်း၏ တစ်စိတ် တစ်ပိုင်းဖြစ်သည့် အသက်မွေးဝမ်းကြောင်းအတွက် ထောက်ပံ့သည့် ငွေကြေးဖြင့် ထူထောင်ထားခြင်းဖြစ်သည်။

“ကျွန်မမိသားစုမှာ အသက် ၇၉ နှစ်အရွယ် ကျွန်မအဖေရယ်၊ အမရယ်၊အကိုရယ် အတူတူနေပါတယ်။ ကျွန်မ သမီးက တခြားမြို့မှာ အလုပ်သွားလုပ်နေတယ်။ ဒါပေမယ့် ကျွန်မတို့ကိုတော့ မထောက်ပံ့နိုင်ဘူး။ ဒါ့ကြောင့် ဒီဆံပင်လုပ်ငန်းက ရတဲ့ငွေနဲ့ လေးယောက်သား ရပ်တည်နေရတယ်။

“ရွာကလူတွေဆီက ဆံပင်ဝယ်ဖို့ ကြက်ခြေနီကထောက်ပံ့ငွေ ဒေါ်လာ ၂၀၀ (ဆွစ်ဖရန့် ၁၉၇ သို့မဟုတ် ယူရို ၁၆၇) ကို အရင်းအနှီးအဖြစ် လုပ်ထားပါတယ်။”

“ဆံပင်တစ်စည်းကို ဒေါ်လာ ၁၀ ကနေ ၂၀ ထိ ပေးဝယ်ရတော့ ပျမ်းမျှ ဆံပင် ၂၀ စည်းလောက် ဝယ်နိုင်ပါတယ်။ မြို့တက် ရောင်းရင် အမြတ်အနေနဲ့ ဒေါ်လာ ၇၀ လောက်ရပါတယ်။”

“ အဲ့ဒီပိုက်ဆံကနေ ဆံပင်တွေ ပိုဝယ်နိုင်အောင်လို့ ဒေါ်လာ ၂၀၀ ကို ပြန်ပြီးအရင်းအနှီးလုပ်တယ်။ အမြတ်ကိုတော့ မိသားစုအတွက် အခြေခံလိုအပ်ချက်တွေနဲ့ အဖေ့ကျန်းမာရေးအတွက် သုံးပါတယ်။”

“အခုဆိုရင် စားသောက်စရိတ်အတွက် မပူရတော့ဘူး။ တစ်လကို ၅ ဒေါ်လာ ၁၀ ဒေါ်လာလောက်  စုနိုင်လာပြီ။”

“တစ်လကို နှစ်ခါလောက် မြို့တက်ပြီး ပွဲစားကို ဆံပင်သွားရောင်းတယ်။ အခုဆိုရင်အသုံးစရိတ် လုံလောက်နေ ပေမယ့် အဖေ့ ကျန်းမာရေးပေါ် အများကြီးမူတည်တယ်။ အဖေနေထိုင်ကောင်းရင် ကျွန်မတို့ အလုပ်ပိုလုပ်နိုင်ပေမယ့် အဖေနေထိုင်မကောင်းရင် ပြုစုပေးရတဲ့အတွက် အလုပ်ချိန် လျော့သွားတယ်။”

“ပွဲစားဆီ ဆံပင်သွားရောင်းဖို့ ၁၀ ရက်လောက် ဆံပင်စုရပါတယ်။ ကျွန်မတို့က ရွာကလူတွေဆီက ဆံပင်ဝယ်သလို ရွာနီးချုပ်စပ်က သူတွေဆီကလဲ ဆံပင်ဝယ်ပါတယ်။”

“ မနက်အစော ရွာကထွက်ပြီး အနီးအနားက ရွာတွေကို ခြေလျင်ဒါမှမဟုတ် လှေနဲ့သွားရပါတယ်။ အများအားဖြင့် အမျိုးသမီးတွေဆီက ဆံပင်ဝယ်လေ့ရှိပေမယ့် တစ်ခါတစ်လေ ဆံပင်အရှည်ထားတဲ့ အမျိုးသားတွေဆီကနေလဲ ဝယ်ပါတယ်။ အနည်းဆုံး ၃၀ စင်တီမီတာရှည်တဲ့ ဆံပင်ကို ဝယ်ပါတယ်။ ဒါပေမယ့် ဆံပင်က ရှည်လေ ဈေးကောင်း ရလေပါပဲ။”

“ရွာတွေသွားရင် ဆံပင်တွေလာဝယ်တယ်ဆိုတာပြောပြတယ်။ တကယ်လို့ ရောင်းချင်တဲ့သူတွေက ကျွန်မဆီ လာရောင်းကြ တယ်။”

“တချို့သူတွေက မယ်သီလရင်ဝတ်ဖို့ သူတို့ဆံပင်ရိတ်ကြတယ်။ အဲ့ဒီ့ဆံပင်ဆိုရင် ဈေးကောင်းရတယ်။ တချို့သူ တွေက ဆံပင်အရမ်းရှည်ကြတဲ့အခါ သူတို့ဆီက အဖျားကနေ ၃၀ စင်တီမီတာ ဖြတ်ယူရပါတယ်။”

“ ဆံပင်ပြန်ရှည်ဖို့ အကြာကြီးစောင့်ရတဲ့အတွက် အမြဲတမ်း လူသစ်တွေဆီ သွားရပါတယ်။ တချို့လဲ သူတို့ဆံပင်တွေ ပြန်ရှည်နေရင် ကျွန်မတို့ကို ခေါ်တတ်တဲ့အတွက် တစ်နှစ်တစ်ခါလောက်တော့ သူတို့ဆီပြန်သွားတတ်ပါတယ်။”

“ကျွန်မအသိတွေ၊ ဆံပင်လှလှရှိပြီး ရောင်းချင်မယ် ထင်တဲ့သူတွေကို ရောင်းမလားလို့ တိုက်ရိုက်ပဲ မေးတယ်။ ဘယ်သူ့ကိုမှ အတင်းမတိုက်တွန်းဘူး။ သူတို့ရောင်းချင်ရင် ကျွန်မဆီပဲ လာခိုင်းတယ်။”

“ ဆံပင်အများစုကို အသက် ၃၀ နဲ့  ၄၀ ကြားအရွယ် ငွေအမြန်ပေါ်ချင်တဲ့သူတွေဆီက ဝယ်ဖြစ် တယ်။”

“နွေရာသီမှာ ရာသီဥတုက အရမ်းပူတဲ့အတွက် လူတော်တော်များများက အပူသက်သာအောင်နဲ့ တချိန်တည်းမှာပဲ အပို ပိုက်ဆံရအောင် ဆံပင်ဖြတ်လေ့ရှိတယ်။”

“ဆံပင်အရောင်းအဝယ်မလုပ်ခင်က ရက်ကန်းရက်တာနဲ့ တခြားအလုပ်တွေလုပ်ဖူးတယ်။ ဒါပေမယ့် ဆံပင်အရောင်း အဝယ် လုပ်ငန်အကြောင်းကြားပြီး စမ်းလုပ်ကြည့်ခဲ့တာ အခုဆိုရင် ၁၇ နှစ်ရှိလာပြီ။ ကျွန်မတို့အတွက်တော့ အရမ်းကောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။”

“ကျွန်မကတော့ မြို့ပေါ်က ပွဲစားဆီကို ဆံပင်တွေရောင်းလိုက်တာပဲ။ နောက်ပိုင်းဘာဖြစ်တယ် ဆိုတာတော့ မသိပါ ဘူး။ တရုတ်ကို ပို့တယ်လို့တော့ ထင်တာပဲ။ ဘာအတွက်သုံးသလဲတော့ ကျွန်မလဲမသိဘူး။”

“ ကြက်ခြေနီက ငွေကြေးအထောက်အပံ့ရခဲ့တဲ့အတွက် အခုဆိုရင် လစဉ် ပိုက်ဆံနည်းနည်း စုမိလာပြီ။ အကြွေးတွေ လဲ ဆပ်နိုင်လာပြီး မထင်မှတ်ထားတဲ့ အရေးပေါ်အသုံးစရိတ် အထူးသဖြင့် အဖေ့ကျန်းမာရေးအတွက် စရိတ် လိုလာရင်သုံးဖို့ ပိုက်ဆံတချို့  စုနိုင်လာပြီ။”

“စီးပွားရေးလုပ်ဖို့ ငွေကြေးထောက်ပံ့ခြင်းကကျွန်မတို့ဘဝကို ပိုပြီး လုံခြုံစေလာပါတယ်။ ရွာကသူတွေနဲ့ ကျွန်မတို့ မိသားစုလည်း ကြက်ခြေနီက အကူအညီကို ရရှိခဲ့တဲ့အတွက် အရမ်းပဲ ဝမ်းသာ ပျော်ရွှင်မိပါတယ်။”

“ ရွာကဆင်းရဲတဲ့အတွက် ဘယ်သူ့ကို ငွေကြေးထောက်ပံ့ပေးရမလဲ ရွေးရတာ အရမ်းခက်ပါတယ်။ တစ်ခါတစ်လေ မှာ တစ်ချို့က ထောက်ပံ့ငွေရပြီး တစ်ချို့ကမရတဲ့အတွက် ပြသ၁နာတက်တာလေး တွေတော့ရှိတာပေါ့။ ဒါပေမယ့် ခြုံပြီးပြောရရင် ထောက်ပံ့ကြေးတွေက အရမ်းအသုံးဝင်ပြီး ဒီလိုထောက်ပံ့ကြေးရတဲ့အတွက် အရမ်းလဲ ကျေးဇူး တင်ပါတယ်။”

Type: Stories