Myanmar New Year's Message by Professor Dr. Myo Nyunt, President of the Myanmar Red Cross Society

  17/ Apr/ 2024

၁၃၈၆ ခုနှစ် မြန်မာနှစ်သစ် အခါသမယတွင် မြန်မာနိုင်ငံတစ်ဝှမ်းက ကြက်ခြေနီအသင်းဝင်များ၊ တပ်ဖွဲ့ဝင်များ၊ စေတနာလုပ်အားရှင်များနှင့် လေးစားအပ်ပါသော မြန်မာပြည်သူပြည်သားများ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်ရင်း ပျော်ရွှင်စရာ နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ယခုလိုနှစ်သစ်ကို စတင်လိုက်သည်နှင့် ပြည်သူပြည်သားများ အားလုံး ဘေးအန္တရာယ် လျော့ပါး သက်သာစေရန် ကျွန်ုပ်တို့၏ ကျွမ်းကျင်မှု၊ စာနာစိတ်ကို အရင်းခံကာ ကြက်ခြေနီရဲ့ လူသားချင်း စာနာထောက်ထားမှု လုပ်ဆောင်ချက်များကို စွမ်းနိုင်သမျှတတ်အားသရွေ့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိကဝတ်ပြုအပ်ပါတယ်။ ကြက်ခြေနီရဲ့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေမှာ နေ့နေ့ ညည မအားမလပ် ပါဝင်ဆောင်ရွက်နေကြတဲ့ ကျွန်ုပ်တို့၏ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ဝန်ထမ်းများကိုလည်း မယိမ်းယိုင်သော မေတ္တာ ကရုဏာတရားနှင့် ကြက်ခြေနီရဲ့ မွန်မြတ်သော အခြေခံမူများကို ခိုင်မြဲစွာ လိုက်နာပြီး အများအတွက်သာမက မိမိတို့ ကိုယ်တိုင်လည်း ဘေးအန္တရာယ်ကင်းစွာဖြင့် ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ ကြိုးပမ်းအားထုတ်ပေးကြပါလို့ တွန်းအားပေး တိုက်တွန်းအပ် ပါတယ်။
ဒီလို မင်္ဂလာ ရှိလှတဲ့ နှစ်သစ်ရဲ့ ပထမဦးဆုံးနေ့မှာ လူသားများအားလုံး ဘေးအန္တရာယ် အပေါင်းမှကင်းဝေးကာ ကျန်းမာခြင်း၊ ချမ်းသာခြင်းနှင့် ငြိမ်းချမ်းခြင်းများ ရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းမေတ္တာပို့သလိုက်ပါတယ်။
ပါမောက္ခဒေါက်တာမျိုးညွန့်
ဥက္ကဌ
မြန်မာနိုင်ငံကြက်ခြေနီအသင်း