| RMS

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် Maxpower Thaketa ကုမ္ပဏီတို့ ပူးပေါင်း၍ ရေဘေးသင့် ဒေသများရှိ စာသင်ကျောင်းများသို့ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်း 

  04/ Feb/ 2019

===
ကဝ၊ ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် Maxpower Thaketa ကုမ္ပဏီတို့ ပူးပေါင်း၍ ရေဘေးသင့် ဒေသများရှိ စာသင်ကျောင်းများသို့ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခြင်း အခမ်း အနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဘန်ဒါကျေးရွာ စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြား ရေးမှူး ဒေါ်စန်းစန်းမော်နှင့် ဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးငွေရှိန်၊ ဒုတိယဥက္ကဌ ဦးမြင့်လွင်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးနိုင်ဦးနှင့် အမှုဆောင်များ၊ ကဝမြို့နယ်ကြက်ခြေနီ အသင်းခွဲ ဥက္ကဌ ဦးအုန်းကျော်နှင့် အဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ သူများ၊ မြို့နယ် လက်ထောက် ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကြက်ခြေနီစေတနာ လုပ်အားရှင် များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးငွေရှိန်က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ကာ ကျောင်းသား/ကျောင်းသူ ၁၆၁ ဦးအတွက် ကျောင်းဝတ်စုံများနှင့် စာရေးကိရိယာများကိုလည်းကောင်း၊ အသက် ၆၀ ကျော် ဘိုးဘွား ၆၀ ဦးအတွက် စောင်၊ ခြင်ထောင်တို့ကို လည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းအတွက် ဆန်၊ စောင်၊ ခြင်ထောင်နှင့် ဖျာများကို ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အပြည်ပြည်ဆိုင်ကြက်ခြေနီ လခြမ်းနီအသင်းများဖက်ဒရေးရှင်းနှင့်ပူးပေါင်း၍ လူမှုကရုဏာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ်တွင်လည်း ရေဘေး ပြန်လည်ထူထောင်ရေး ငွေကြေးထောက်ပံ့မှု အစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီးတွင် ကဝမြို့နယ်နှင့် သနပ်ပင် မြို့နယ်၊ မွန်ပြည်နယ်တွင် ဘီးလင်းမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ကရင် ပြည်နယ်တွင် လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့ရှိ အိမ်ထောင်စုပေါင်း (၃,၂၀၀)၊ လူဦးရေ စုစုပေါင်း (၁၅,၃၃၇)ဦး အတွက် အိမ်ထောင်စု (၁) စုလျှင် (၁၀၇,၅၀၀)ကျပ်နှုန်းဖြင့် ကျပ်သိန်းပေါင်း (၃,၄၄၀,၀၀၀,၀၀၀) သိန်း ငွေကြေးထောက်ပံ့ ပေးခဲ့ပြီး ဖြစ်ပါသည်။

Credit:>>> ဦးအောင်မြင့်စိုး