မြန်မာနိုင်ငံကြက်ခြေနီအသင်းမိုခါမုန်တိုင်းတုံ့ပြန်ဆောင်ရွက်မှုများ

  26/ May/ 2023

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မေလ (၁၄) ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်း မိုခါ (Mocha) ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ရပ်ရွာလူထုအတွက် ဆင်းရဲဒုက္ခ လျော့နည်းသက်သာစေဖို့ မုန်တိုင်းအန္တရာယ်ကြိုတင်အသိပညာပေးခြင်း၊ ဘေးကင်းရာကို ရွေ့ပြောင်းပေးခြင်း၊ ထိခိုက်ခံစားရသူများကို ကူညီကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုပေးခြင်းနှင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု‌ပေးခြင်း၊ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်း၊ အစားအစာများ၊ သောက်သုံးရေ၊ အခြေခံလိုအပ်သော အသုံးအဆောင်ပစ္စည်းများနှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေခြင်းကို တတ်စွမ်းသရွေ့ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
အဆိုပါကူညီမှုအနေဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင် (၉၆၂) ဦးက ထိခိုက်ခံစားရတဲ့ အိမ်ထောင်စု (၁၄,၅၇၃) စု (လူဦးရေ စုစုပေါင်း ၇၅,၅၇၃) ဦးအား လိုအပ်တဲ့အကူညီများကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
လူသားချင်းစာနာထောက်ထားမှုအကူအညီများအဖြစ် –
👉သုံးရေ – ၁၉,၀၀၀ လီတာ။
👉သောက်ရေ – ၂၉၁,၀၀၀ လီတာ။
👉အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း – ၁၁၄၄ စုံ မိသားစုသုံးပစ္စည်း – ၅၉၇ စုံ။
👉တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းပုံး – ၁၈၅ ပုံး။
👉တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းပါဆယ်ထုပ် – ၉၅၁ ထုပ်။
👉မီးဖိုချောင်သုံးပစ္စည်း – ၄၃၂ စုံ။
👉အိမ်ဆောက်အထောက်အကူပြုပစ္စည်း – ၅၇ စုံ။
👉တာပေါ်လင် – ၇၂၇ ခု။
👉စောင် – ၂၀ ထည်။
👉ခြင်ထောင် – ၃၃၂ လုံး။
👉ကလေးဝတ်အင်္ကျီထုပ် ပေးဝေခဲ့သောအိမ်ထောင်စု – ၁၁၂ စု။
👉ကြက်ဥများပေးဝေခဲ့သော အိမ်ထောင်စု – ၂၅၃ စု။
👉ကျန်းမာရေးအသိပညာပေးခဲ့သောရပ်ရွာလူထု – ၁၃၇၃ ဦး။
👉ရွေ့လျားကျန်းမာရေးဆေးခန်းတွင်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သောရပ်ရွာလူထု – ၉၂၅ ဦး။
အသင်းအနေဖြင့် အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ ဆက်လက်ထောက်ပံ့နိုင်ရန်နှင့် အရေးပေါ်ငွေသားထောက်ပံ့နိုင်ရန်အတွက် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါတယ်။