မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

  14/ May/ 2021

ပြီးခဲ့တဲ့ မေလ (၁၄)ရက်နေ့ မနက်က မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ(၆လ)သား ကလေးငယ်တစ်ဦးကိုဆေးရုံလွှဲပြောင်းပြီး အရေးပေါ်ဆေးကုသရန်လိုအပ်နေတာကြောင့် မြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေ မြို့နယ်ဆေးရုံကနေ မော်လမြိုင်ကလေးဆေးရုံကို မြို့နယ်ကြက်ခြေနီအသင်းခွဲလူနာတင်ယာဉ်နဲ့ ကူညီပြီး ပို့ပေးခဲ့တယ်လို့ ဒေါ်လေးလေးခက်ထံမှ သိရပါတယ်။
ညဘက်မှာလည်း အူအတက်‌ရောင်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ကျိုက္ခမီက‌နေ သံဖြူဇရပ်ဆေးရုံကို ကျိုက္ခမီမြို့ ကြက်ခြေနီအသင်းခွဲ(ငယ်)မှ လူနာတင်ယာဉ်နဲ့ ပို့ပေးခဲ့ပြီး ဒီနေ့ မေလ(၁၅)ရက်နေ့ နံနက်အစောပိုင်းကလည်း မွေးလူနာကို ကျိုက္ခမီဆေးရုံ မှ သံဖြူဇရပ်ဆေးရုံကို ပို့ပေးခဲ့တယ်လို့ ထပ်မံသိရပါတယ်။
မိမိရဲ့မိသားစုဝင်များထဲမှ တစ်ဦးဦး ရောဂါဝေဒနာခံစားရပါကအခက်အခဲမျိုးစုံကြုံကြရပြီး အရင်ဆုံး ဆေးကုသမှုခံရမယ့်နေရာကို
သွားဖို့အတွက် ဖြေရှင်းကြရပါတယ်။
ဒီအခက်အခဲကို ကိုယ်ချင်းစာစိတ်တွေထားပြီးကြက်ခြေနီတွေက မည်သည်နေရာမှာဖြစ်ပါစေ မည်သူ့ကိုမဆို ကူညီပေးလျက်ရှိပါတယ်။