ရပ်ရွာစေတနာလုပ်အားရှင်

  11/ May/ 2018

အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ မစိုးမိုးခင်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အထက်ပိုင်းမှာရှိတဲ့ မြစ်နားရွာကလေးမှာ ရပ်ရွာစေတနာလုပ်အားရှင်အဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်းကို အကူအညီပေး လျက်ရှိပါသည်။

မစိုးမိုးခင်သည် ရခိုင်ပြည်နယ်အတွင်း  ကြက်ခြေနီက ဆောင်ရွက်နေတဲ့ သင်တန်းများနှင့် ထောက်ပံ့ကြေးပေးအပ်ခြင်း အစီအစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

“ ကျွန်မက အကူအညီလိုအပ်နေတဲ့သူတွေကို ကူညီချင်တဲ့အတွက် စေတနာလုပ်အားရှင် လုပ်ဖြစ်တာပါ။ အနာဂတ်မှာ ကြက်ခြေနီမှာ အချိန်ပြည့်တာဝန်ယူဆောင်ရွက်ချင်ပါတယ်။”

“ ကြက်ခြေနီက ဒုက္ခရောက်နေသူတိုင်းကို ကူညီပေးပါတယ်။ ကျွန်မလဲ ကူညီချင်ပါတယ်။ နောက်ပြီး အကူအညီ လိုအပ်နေသူတွေကို ကူညီပေးနိုင်ဖို့ ဒေသမရွေး သွားရောက်တာဝန် ထမ်းဆောင်ချင်ပါတယ်။”

“ ကြက်ခြေနီက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအတွက် ထောက်ပံ့ကြေးတွေပံ့ပိုးပေးတယ်။ သင်တန်းတွေလဲ ပေးတယ်။  ထောက်ပံ့ကြေးတွေက ထိရောက် အကျိုးရှိပြီးတော့ စားဝတ်နေရေးအတွက် တကယ်ကို အထောက်အကူဖြစ်တယ်လို့လဲ လက်ခံရရှိသူတွေက ပြန်ပြောကြပါတယ်။”

“ ကျွန်မအနေနဲ့ တခြားသူတွေကိုလဲ ဒေသခံစေတနာ လုပ်အားရှင်ဖြစ်လာအောင် တိုက်တွန်းချင်ပါတယ်။ သူငယ်ချင်းတွေကိုလဲ တိုက်တွန်းပါတယ်။ ကြက်ခြေနီက ရပ်ရွာလူထုကို ကူညီပေးနေတာဖြစ်တဲ့အတွက် လူတိုင်းလဲ ပါဝင်သင့်တယ်လို့ ထင်ပါတယ်။”