ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ရွေ့လျားကျန်းမာရေးဆေးခန်း

  19/ Feb/ 2018

အသက် ၂၆ နှစ်ရှိပြီဖြစ်သော ဒေါက်တာကျော်ဖြိုးဟိန်းသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အနီးအနားရှိ ကျေးရွာများတွင် ဆောင်ရွက်လျက် ရှိသော မြန်မာနိုင်ငံကြက်ခြေနီအသင်း ရွေ့လျားကျန်းမာရေး ဆေးပေးခန်းတွင် ပါဝင် ဆောင်ရွက်နေသည်မှာ သုံးနှစ်ခန့်တိုင်ခဲ့ပြီဖြစ်သည်။

အန္တရာယ်ကျရောက်လွယ်သော ကျေးလက်နေပြည်သူများထံသို့ တစ်ပတ်တစ်ခါသွားရောက်ဆေးကုသပေးနေသော ဆေးပေး ခန်းများသည် ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်မှု၊ ရေကြီးခြင်းတို့ကြောင့် ထိခိုက်ခံစားနေရသူများကို ကူညီပေးနေသည့် ကြက်ခြေနီစီမံကိန်း၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

“ရွေ့လျားကျန်းမာရေးအဖွဲ့တစ်ဖွဲ့စီမှာ ဆရာဝန်တစ်ယောက်၊ သူနာပြုနှစ်ယောက်နဲ့ စေတနာလုပ်အားရှင် နှစ်ယောက်တို့က လူနာတွေကို ကြည့်ရှုကုသပေးနေပါတယ်။ အဖွဲ့တစ်ဖွဲ့စီက ကျေးရွာ ငါးရွာကနေ ဆယ်ရွာအထိ တာဝန်ယူပြီး ကျေးလက် ကျန်းမာရေးဆရာမတွေနဲ့ ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါတယ်။”

“ ကျွန်တော်တို့အနေနဲ့ နေရာတစ်ခုကို အနည်းဆုံးတစ်ပတ်တစ်ကြိမ်သွားပါတယ်။ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ကျွန်တော်တို့က ဘယ်သူ ဘယ်ဝါတွေဖြစ်တယ်ဆိုတာပြောပြီး သူတို့နဲ့ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ပါတယ်။ ဒါမှလဲ ကျွန်တော်တို့က သူတို့ရဲ့ ကျန်းမာရေးပိုမိုကောင်းမွန်လာအောင်နဲ့ ရေရှည်မှာသူတို့အနေနဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်သွားနိုင်မလဲဆိုတာ သိနိုင်မှာပါ။”

“အများအားဖြင့်တွေ့ရတဲ့ရောဂါတွေက ဝမ်းပျက်ဝမ်းလျှောနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်ပြီး တချို့လဲ အရေးပြားပြသ၁နာလို ကူးစက်ရောဂါနဲ့ သွေးတိုး၊ ဆီးချိုရောဂါလို နာတာရှည်ရောဂါဖြစ်ပွားနေတာ တွေ့ရပါတယ်။”

“ ဆေးခန်းလာပြသူအများစုက အသက်ကြီးပိုင်းတွေဖြစ်ပြီး ကျန်းမာရေးမကောင်းတဲ့သူတွေ များပါတယ်။”

“အများစုတွေ့ရတာကတော့ အအေးမိတာတို့ တုပ်ကွေးဖြစ်တာတို့လို ရာသီဖျားတွေများပါတယ်။ ကုသရေးပိုင်းမှာတော့ ဆေးတွေပေးပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရည်ကျန်းမာရေးအသိပညာပေးခြင်းတွေ ဥပမာ- ဘယ်လိုအစားအစာမျိုးကို စားရ မယ်၊ ကျန်းမာအောင်ဘယ်လိုနေထိုင်ရမယ်၊ ဆေးကို ဘယ်လိုသောက်ရမယ်ဆိုတာကိုပါ တစ်ဦးချင်း သေချာရှင်းပြပါတယ်။”
“တစ်ရက်ကို လူနာ ၅၀ ဦးလောက်ကြည့်ပေးရပါတယ်။ တကယ်လို့ လူနာက ဆေးကုသမှုထပ်မံလိုအပ်လာရင် ဆေးရုံကို ညွှန်းပို့ပေးပါတယ်။”

“ကျွန်တော်တို့အနေနဲ့ အစိုးရကျန်းမာရေးဌာနနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ပါတယ်။ အစိုးရကဦးဆောင်တဲ့ ကျန်းမာရေး လုပ်ငန်းတွေမှာလဲ ပူးပေါင်းပါဝင်ပေးပါတယ်။ ဥပမာ- ၂၀၁၅ ခုနှစ်ကလုပ်တဲ့ ပိုလီယိုဆေးတိုက်ကျွေးရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး ကျန်းမာရေးဌာနအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ဆောင်ရွက်ဖို့ လိုလာနိုင်တဲ့ ပြသ၁နာတွေ ကြုံတွေ့ရရင်လဲ ကျန်းမာရေးဌာနကို သတင်းပေးပို့ပေးပါတယ်။”

“ဘေးဒုက္ခကျရောက်နေချိန်တွေမှာတော့ အရေးပေါ် ကျန်းမာရေးအဖွဲ့ကို စေလွှတ်ပြီး လူနာတွေကို ကုသပေးသလို စိတ်ပိုင်း ဆိုင်ရာ အားပေးကူညီမှုတွေကိုလဲ ဆောင်ရွက်ပေးပါတယ်။”

“ကျွန်တော်အနေနဲ့ ဒီအဖွဲ့မှာ ပါဝင်လာတာ အခုဆို သုံးနှစ်နီးပါးရှိပြီး ရေကြီးတာ နှစ်ခါ ကြုံခဲ့ရပြီးပြီ။

“ကျွန်တော်တို့ကို ရေဘေးသင့်ဒေသတွေကို သွားရောက်ပြီး အစိုးရနဲ့ ပူးပေါင်းကာ အကူအညီလိုအပ်နေသူတွေကို ကူညီပေးခဲ့ ပါတယ်။ လူနာတွေကို ဆေးကုသပေးသလို အစိုးရကိုလဲ ဒီဒေသမှာ ဘယ်လိုအခြေအနေရှိနေသလဲ၊ ဆုံးရှုံးပျက်စီးမှု အခြေ အနေနဲ့ ဘာတွေလိုအပ်နေတယ်ဆိုတာကို အစီရင်ခံတင်ပြပေးပါတယ်။”

“ရခိုင်ပြည်နယ်မြောက်ပိုင်းက အဖြစ်အပျက်တွေက ကျွန်တော်တို့အပေါ်လဲ အကျိုးသက်ရောက်မှုရှိပါတယ်။ အကြမ်းဖက်မှု တွေဖြစ်ပွားချိန်မှာတော့ ကျွန်တော်တို့ဝန်ထမ်းတွေနဲ့ စေတနာလုပ်အားရှင်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် စီမံကိန်းတွေကို ခေတ္တခဏ ရပ်နားထားခဲ့ရပါတယ်။

ဒါပေမယ့် ဒီဒေသမှာ ကျွန်တော်တို့ဟာ လတ်တလောဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ထိခိုက်ခံစားရတဲ့ ပြည်သူတွေကိုသာ ကူညီပေးနေတာ မဟုတ်ပါဘူး။

“ယုံကြည်လက်ခံမှုဟာ ကျွန်တော်တို့အတွက် တကယ်ကို အရေးပါတဲ့အချက်ပါ။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို လက်ခံတယ်။ ကျွန်တော်တို့ဟာ အခြေခံမူများအတိုင်း တသွေမတိမ်း လုပ်ငန်းတွေဆောင်ရွက်တယ်။ လိုအပ်ချက်ပေါ်မှာသာ တည်မှီပြီး အကူအညီတွေ ပံ့ပိုးပေးနေပါတယ်။ ဒါ့ကြောင့် ရခိုင်ဒေသမှာ ရှိတဲ့သူတွေကို ကျွန်တော်တို့ရဲ့ ဆက်လက်ဆောင်ရွက် မယ့် စီမံကိန်းတွေနဲ့ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးတွေမှာ သူတို့ရဲ့ လိုအပ်ချက်တွေကို ဆက်လက် ကူညီပံ့ပိုးသွားမယ်ဆိုတာ ပြသဖို့ အရမ်းအရေးကြီးပါတယ်။”

“ရခိုင်ပြည်နယ်မှာတော့ ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှု၊ တင်းမာမှုတွေ၊ ဆိုင်ကလုန်း၊ မြေပြိုမှုနဲ့ ရေဘေးတွေဖြစ်ပွားနေပြီး တချို့ဒေသတွေမှာ လူသားချင်းစာနာထောက်ထားရေးအဖွဲ့တွေရဲ့ လုပ်ငန်းတွေကို လက်ခံမှုအတိုင်းအတာနည်းနေတာ တွေ့ရပြီး ဒါက လုပ်ငန်းဆောင်ရွက်မှုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။”