05/ Aug/ 2020
ရေး၊ ဩဂုတ် ၅
၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ခွဲမှူး ဒေါ်သီတာမြင့် ဦးဆောင်သော ကြက်ခြေနီစေတနာ လုပ်အားရှင် ၁၈ ဦးတို့သည် မိုးရာသီ၌ ဖြစ်တတ်သော မိုးရွာသွန်းမှုဒဏ်၊ လေပြင်းတိုက်ခတ်မှုနှင့် လှိုင်းရိုက်ခတ်မှုဒဏ်ခံရနိုင်ခြေရှိသည့် ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာမှ အိမ်ထောင်စု (၂၅) စုအား ဘုန်းတော်ကြီးကျောင်းရှိ ယာယီကယ်ဆယ်ရေးစခန်းသို့ ကြိုတင်ပြောင်းရွှေ့နေရာချထားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ကို ကူညီ ဆောင်ရွက် ပေးခဲ့ပါသည်။
04/ Aug/ 2020
ဟင်္သာတ၊ သြဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အိပ်ပျက်ကျေးရွာအုပ်စု၊ ခြင်ဘို့ကျေးရွာအုပ်စုတို့ရှိ ဖောင်ဆိပ်၊ ဌက်ပျောတော၊ သဲရိုး၊ တာငုတ်ကျေးရွာများတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ
ဖြစ်ပေါ်နေခဲ့သည့်အတွက် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ကာ လူနေအိမ်များကို ဘေးလွတ်ရာသို့ရွေ့ပြောင်းရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၂၀ ဦးတို့ကဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပါသည်။ ဇူလိုင်လ ၁၅ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ အိမ်ထောင်စု (၉၂)စု၊ လူဦးရေမှာ (၃၂၈)ဦးတို့ကို ပြောင်းရွေ့ပေးခဲ့ပြီးဖြစ်သည်။
သြဂုတ်လ ၄ ရက်နေ့ နံနက် ၉း၃၀ နာရီ ဝန်းကျင်တွင် ဦးမိုးလေးတာမှာ ပေ ၂၀ ခန့်ကျိုးပျက်ခဲ့ရာ နေအိမ်
များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ခဲ့သဖြင့် အိမ်ထောင်စု (၃၈) စု၊ လူဦးရေ (၁၂၇) ဦးနှင့် ပစ္စည်းများ အား ရေဘေးလွတ်ရာသို့ ပြောင်းရွေ့ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့က ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
02/ Aug/ 2020
သရက်ချောင်း၊ ဩဂုတ် ၂
၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂ ရက်နေ့ က တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်သရက်ချောင်းမြို့အဝင်၊ မော်ရှည်ကုန်းရပ်ကွက်နှင့် ကဇိတံတားဦးရွာအကြား လမ်းရေကျော်လျှက်ရှိရာမြို့နယ်ကြက်ေခြနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဉီးမြတ်ကိုကိုဉီးဆောင်ေသာ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဉီး တို့သည် ဖြင့်ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းစွာ ခရီးသွားနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
01/ Aug/ 2020
နေပြည်တော်၊ ဩဂုတ် ၁
၂၀၂၀ပြည့်နစ်၊ ဩဂုတ်လ ၁ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ရန်ကုန် - မန္တလေးလမ်းဟောင်း ခရေပင်လမ်းခွဲအနီး သုံးဘီးယာဥ် နှင့် ဆိုင်ကယ်တိုက်မှု ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ဇေယျာသီရိမြို့နယ်ကြက်ေခြနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးချစ်မင်းဦး ဦးေဆာင်ေသာ ကြက်ခြေနီစေတနာလုပ်အားရှင် ၆ ဦးတို့မှလိုအပ်သော ရှေးဦးပြုစုခြင်းများ ဆောင်ရွက်ေပးပြီး ကရုဏာရှင် လူမှုကူညီရေးပရဟိတအသင်း (နေပြည်တော်၊ ပြည်စံအောင်) သူနာတင်ယာဉ် ၂ စီးဖြင့် ပြည်သူ့ဆေးရုံ ကုတင် ၃၀၀ သို့ အချိန်မီ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။
30/ Jul/ 2020
ရန်ကုန်၊ ဇူလိုင် ၃၀
မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရန်ကုန်)ရုံးတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း နှင့် Partnership Review talk ပြုလုပ်ရန်အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲ ကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၃၀ရက်နေ့၊ နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆွေပွဲသို့ အသင်းဒုဥက္ကဌနှင့်အတူ အထွေထွေအတွင်းရေးမှူးပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများတက်ရောက်ဆွေးနွေးခဲ့ကြသည်။
29/ Jul/ 2020
မိုင်းရှူး၊ ဇူလိုင် ၂၉
၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့နယ်အတွင်းရှိ နားနမ့်ရွာ၊ ပါကော်ရွာ၊ ဝမ်လီရွာများနှင့် မိုင်းစံမြို့ရှိ ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စု(၂၃)စုအား နိုင်ငံတော်က စားနပ်ရိက္ခာထောက်ပံ့မှုများအား ရပ်ကွက်အသီးသီးရှိအုပ်ချုပ်ရေးမှူးရုံးများတွင် ထောက်ပံ့ပေးအပ်ရာ မိုင်းရှူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့မှူးဦးစိုင်းစိုးထွန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးက ထောက်ပံ့ပေးအပ်ခြင်းများနှင့် နှာခေါင်းစည်းများ ဖြန့်ဝေရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
29/ Jul/ 2020
22/ Jul/ 2020
ဖားကန့်၊ ဇူလိုင် ၂၂
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က ကချင်ပြည်နယ်တွင် မိုးကောင်းချောင်းရေမြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး မြစ်ကြီးနား - တနိုင်းကားလမ်းရေကျော်တက်မှုကြောင့် ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာမြေနိမ့်ပိုင်းရှိ အိမ်ထောင်စုပေါင်း (၂၆၅)စု (ထိခိုက်ခံစားရသူ (၁,၄၅၃) ဦး) ခန့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး လူနေအိမ် (၅) လုံး ပျက်စီးခဲ့ပါသည်။
ဖြစ်စဉ်တွင် ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၈) ဉီးတို့သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၀င်များနှင့်အတူ ရေဘေးသင့်ပြည်သူများ အား ဘေးလွတ်ရာကုန်းမြင့်ပိုင်းသို့ အရေးပေါ်ရွှေ့ပြောင်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စိတ်ပိုင်း ဆိုင်ရာ အားပေးကူညီပေးခြင်း၊ ထိခိုက်ခံစားရသူစာရင်းများ ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် ရေဘေးသင့်ပြည်သူများအတွက် ဓါတ်ဆားထုတ်၊ ရေသန့် / ရေသန့်ဆေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများ အရေးတကြီးလိုအပ်လျက်ရှိပါသည်။
အသင်းဌာနချုပ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂၆၈) စုံနှင့် မိသားစုသုံးပစ္စည်း (၁၀) စုံ တို့ကို ပို့ဆောင်ထောက်ပံ့ခဲ့ပါသည်။
21/ Jul/ 2020
မန္တလေး၊ ဇူလိုင် ၁၉
မန္တလေးတိုင်းဒေသကြီးတွင် ဒုတ္ထဝတီမြစ်ရေနှင့် ဧရာဝတီမြစ်ရေ တက်လာသဖြင့် ကမ်းအနီးနေထိုင်ကြသူများနှင့် ရေတက်လာသဖြင့် ရွှေပြောင်း နေထိုင်ကြသူများအား ၂၀၂၀ပြည်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က
တံတားဦးမြို့နယ်၊ အမရပူရမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်ကြက်ခြေနီအသင်းခွဲများမှ
ကျန်းမာရေးစောင့်ရှောက်မှုစခန်းများဖွင့်လှစ်ထားရှိကာ ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။