14/ May/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

ဒီနေ့ မေလ(၁၄)ရက်နေ့မှာ ဆေးရုံကဆင်းတဲ့ လူနာ အိမ်ပြန်ရန် ကူညီပေးဖို့ ပြောလာတဲ့အတွက် ကူညီနေကြအတိုင်းဘဲ အသင်းခွဲက လူနာတင်တင်ယာဉ်နဲ့ စဉ့်ကူရပ်ကွက်အိမ်အရောက်ပို့ပေးခဲ့တယ်လို့ အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲကနေ သိရပါတယ်။
ဖော့ကန်ရပ်ကွက်မှာ ခါးကြောညှပ်ဝေဒနာခံစားနေရတဲ့ အဖိုးတစ်ဦး ဆေးရုံပြဖို့ သွားနိုင်ရန်လည်းကူညီပေးခဲ့တယ်လို့ ထပ်ပြီးသိရပါတယ်။
ယခုလိုဘဲ နေရာတိုင်းက ကြက်ခြေနီတွေဟာ အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိနေပေမယ့်လိုအပ်သူတွေကို အချိန် နေရာမရွေး မရပ်မနား ဆက်လက် ကူညီလျက်ရှိပါတယ်။

Read More

  14/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

၂၀၂၁ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပဲခူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ အတွင်းရေးမှူး ဦးတင်ဆက်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၁၁ ဦးတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပဲခူးမြို့တွင်းရှိ လူစည်ကားရာနေရာများ၊ ဈေးကြီးရှေ့နှင့် ကားဂိတ်များတွင် နှာခေါင်းစည်းများပေးဝေခဲ့ပါတယ်။

Read More

  14/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

ခက်ခဲကြမ်းတမ်းတဲ့နေ့တွေမှာတောင် မရပ်မနားဘဲ အကူအညီတွေပေးခဲ့ကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ကျေးဇူးတင်ပါတယ်။

Read More

  13/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်နေ့က ဘားအံမြို့နယ်၊ သီရိစျေးရှေ့တွင် ပြုလုပ်သော Mask Campaign တွင် ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ခွဲမှူး ဒေါ်မိထွန်းလဝန်းနွယ်နှင့် တပ်စုမှူး ဒေါ်နန်းလှလှမိုးတို့က နှာခေါင်းစည်းများ အခမဲ့ပေးဝေခဲ့ကြပါတယ်။

Read More

  13/ May/ 2021

ဝမ်းပျက်ဝမ်းလျောလူနာတစ်ဦးကို ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊မေလ(၁၃)ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှ ဝမ်းပျက်ဝမ်းလျော အမျိုးသမီး လူနာတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ရန် အကူအညီ တောင်းခံသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းအောင်မိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦး သွားရောက်ပြီး ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။  

Read More

  13/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

ခက်ခဲကြမ်းတမ်းတဲ့နေ့တွေမှာတောင် အကူအညီလိုအပ်သူများနဲ့ အတူတကွရှိနေပေးခဲ့တဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ကျေးဇူးတင်ပါတယ်။

Read More

  12/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

ခက်ခဲကြမ်းတမ်းတဲ့နေ့တွေမှာတောင် အမြဲကူညီအားပေးနေကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ကျေးဇူးတင်ပါတယ်။

Read More

  12/ May/ 2021

သတိလစ်မေ့မျောလူနာကို ဆေးရုံလွှဲပြောင်းပို့ဆောင်ရာတွင် ကြက်ခြေနီလူနာတင်ယာဉ်ဖြင့်ကူညီ

၂၀၂၁ခုနှစ်၊ မေလ (၁၀)ရက်နေ့ ညနေပိုင်းကတွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ဆိုင်ကယ်မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးတစ်ဦးကို ကျိုက္ခမီကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက ရှေးဦးပြုစုပေးပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ညပိုင်းတွင်လည်း ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးသည် သတိလစ်မေ့မျောလူနာတစ်ဦးကို ချောင်းဆုံဆေးရုံမှ မော်လမြိုင်ဆေးရုံသို့ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ပါတယ်။

Read More

  12/ May/ 2021

ဘားအံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အရေးပေါ်လိုအပ်နေသော သွေးသန့်လှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လွန်ခဲ့တဲ့ မေလ(၁၂)ရက်နေ့က အရေးပေါ် သွေးလိုအပ်နေသူတစ်ဦးအတွက် ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ခွဲမှူး ဦးမျိုးဇော်ဦးကအရေးပေါ်လိုအပ်နေတဲ့ A သွေး (၁) လုံးကို ဘားအံဆေးရုံတွင် သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။
အလားတူ ဘားအံမြို့ တော်ဝင်သုခဆေးရုံက (O) သွေး အရေးပေါ်လိုအပ်နေတဲ့ အမျိုးသမီးလူနာတစ်ဦးအတွက်ကိုလည်း ဘားအံကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးစောကျော်အဲခလိန်းက လှူဒါန်းပေးခဲ့ပါတယ်။
ယခုလို အရေးပေါ်သွေးလိုအပ်နေသူများကို ကူညီပေးနိုင်ခဲ့ကြသလို ရှေ့ဆက်ပြီးလည်း ကြက်ခြေနီက ကူညီပေးရန် အသင့်ရှိနေပါတယ်။

Read More