26/ Apr/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃) ဦးသည် ယနေ့ ဧပြီလ (၁၇) ရက်နေ့ ည(၁၀) နာရီတွင် မော်လမြိုင်မြို့၊ စျေးကြို ဆန်တန်းမှ အူအတက်ပေါက်လူနာအား ရှေးဦးပြုစုကာ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လူနာတင်ယာဥ်ဖြင့် မော်လမြိုင် ငွေမိုး ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြသည်။    

Read More

  25/ Apr/ 2021

ဆေးရုံပြောင်းရွေ့လူနာများကို ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ ဧပြီလ(၂၅)ရက်နေ့ ညပိုင်းတွင်မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးသည် သံဖြူဇရပ်ဆေးရုံမှ အရေးပေါ်ပြောင်းရွေ့ရန်လ်ိုအပ်သည့် အမျိုးသားလူနာတစ်ဦးကို မော်လမြိုင်ဆေးရုံသို့ မြို့နယ်အသင်းခွဲပိုင် ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ဧပြီလ(၂၆)ရက်နေ့တွင် မော်လမြိုင်မြို့ဇေယျာသီရီရပ်ကွက်မှ ဦးနှောက်အကျိတ်ယောင်အမျိုးသားလူနာတစ်ဦးကို အရေးပေါ်ဆေးကုသမှုခံယူနိုင်ရန် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု‌ေကာ်မတီမှ လူနာတင်ယာဥ်ဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက      ရန်ကုန်မြို့သို့ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More

  25/ Apr/ 2021

မီးလောင်ရာတွင် ထိခိုက်ဒဏ်ရာရသူများကို ကြက်ခြေနီက ရှေးဦးပြုစုပေး

၂၀၂၁ခုနှစ်၊ ဧပြီလ(၂၅)ရက်နေ့ညပိုင်းတွင်မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သိပ္ပံလမ်းတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ အပူလောင်သူနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကြက်ခြေနီစေတနာလုပ်အားရှင်(၆)ဦးမှ ရှေးဦးပြုစုစောင့်ရှောက်မှုပေးခဲ့ကြသည်။

Read More

  24/ Apr/ 2021

ကျေးရွာမှ မွေးလူနာကို ဆေးရုံသွားရန် ကြက်ခြေနီကူညီ

၂၀၂၁ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့ နံနက် (၂)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကြည့်မြင်တိုင်တဖက်ကမ်း အလပ်ချောင်းကျေးရွာမှ မွေးလူနာတစ်ဦးကို ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။

Read More

  24/ Apr/ 2021

အလှူရှင်များနှင့် ကြက်ခြေနီများက ကျေးရွာအတွက် သောက်သုံးရေလှူဒါန်း

ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အောင်သာအုပ်စု အိမ်ခြေ(၂၀)ကျေးရွာ၌ သောက်သုံးရေပြတ်လပ်လျက်ရှိရာ (၁၉၉၉)ခုနှစ် ထူးချွန်ကြက်ခြေနီများနှင့် အလှူရှင်များ လှူဒါန်းသော ၂၀လီတာ သောက်ရေသန့်(၁၂၀)ဘူးကို နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ ဥတ္တရခရိုင်တပ်ဖွဲ့မှူး ၊လယ်​ဝေးနှင့် ပျဥ်းမနားမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များက၂၀၂၁ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

Read More

  24/ Apr/ 2021

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ကို ကြက်ခြေနီမှ ရှေးဦးပြုစုပေး

၂၀၂၁ခုနှစ်၊ ‌ဧပြီလ(၂၄)ရက်နေ့ ညနေပိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် အုတ်ကျင်းဘူတာရုံလမ်းတွင် ပွန်းပဲ့ဒဏ်ရာရသူ (၁) ဦး အရေးပေါ်ရှေးဦးပြုစုရန် လိုအပ်သဖြင့် ဆက်သွယ် အကူအညီတောင်းခံလာရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးကျော်မျိုးထက်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးတို့ ချက်ချင်းသွားရောက်ခဲ့ပြီး ပွန်းပဲ့ နာကျင်ဒဏ်ရာများကို ရှေးဦးပြုစုနည်းဖြင့် ပြုစုစောင့်ရှောက်‌ပေးနိုင်ခဲ့ကြသည်။

Read More

  23/ Apr/ 2021

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား အရေးပေါ်မီးဖွားရန်အတွက် ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ ဧပြီလ၂၃ရက်၊ နံနက်၂နာရီခန့်က တနင်္သာရီဒေသကြီး၊ ထားဝယ်မြို့နယ်၊ကြက်စားပြင်ရပ်ကွက်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အရေးပေါ်မီးဖွားရန်လိုအပ်သဖြင့် ထားဝယ်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ပေးခဲ့ကြသည်။  

Read More

  23/ Apr/ 2021

ဟားခါးတွင် မီးဘေးသင့်အိမ်ထောင်စုအား ကြက်ခြေနီက ကူညီထောက်ပံ့

၂၀၂၁ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံးမီးဘေးသင့်ခဲ့ရသဖြင့် ချင်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးကျုံဟူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ သွားရောက်ကာ မီးဘေးသင့်အိမ်ထောင်စုအား မိသားစုသုံးပစ္စည်း (၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ တို့ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများ ဆောင်ရွက်ခဲ့ကြသည်။

Read More

  23/ Apr/ 2021

နိုင်ငံဝန်ထမ်း(ငြိမ်း)သက်ရွယ်ကြီးသူများနဲ့ ပြည်သူများကို ကြက်ခြေနီက လူမှုကရုဏာအကူအညီပေး

ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လစဉ်ပင်စင်လစာပေးသောရက်များတွင် ပင်စင်လစာ လာထုတ်သောနိုင်ငံဝန်ထမ်း(ငြိမ်း)သက်ရွယ်ကြီးသူများနဲ့ ပြည်သူများကို လူမှုကရုဏာအကူအညီများ ပေးနေကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ တာမွေမြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လမ်းလျောက်ရာတွင် ဖေးမကူညီ‌ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု‌ပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ သောက်ရေသန့်နှင့် မုန့်များပေးဝေခြင်း တို့ကိုဧပြီလ(၂၃)ရက်နေ့က ပြုလုပ်ပေးခဲ့ကြပါတယ်။

Read More