13/ Sep/ 2020

မကွေးတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၃ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ အမှတ် ၁ဈေး၊ အမှတ် ၂ဈေး၊ မြို့မဈေး၊ မြို့အဝင်တောင်၊ လှည်းကောက်ဆေးရုံရှေ့နှင့် လမ်းဆုံများ၊ လူအများသွားလာနိုင်သောနေရာများတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း တို့ကို မင်းဘူးမြို့နယ်ကြက်ခြေနီဒုတိယတပ်ဖွဲ့မှူး ဦးသန့်ဇော်လင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ဆောမြို့ နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောမြို့၊ သီရိဇေယျာ၂ရပ်ကွက် အတွင်းရှိ နေအိမ်များ၊ ရေတွင်း၊ရေကန်များတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ဖုံး/သွန်/လဲ/စစ်ပြုလုပ်ပေးခြင်း၊ အဘိတ်ဆေးခပ်ခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့သည်။

Read More

  13/ Sep/ 2020

ကော့ကရိတ်တွင် COVID-19 ရောဂါကာကွယ်ရေး ကြက်ခြေနီက ဆက်လက်ပူးပေါင်းဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ကကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကြက်‌ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်နိုင်ထွန်း ဦဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးတို့သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်COVID-19‌ေရာဂါကာကွယ်ထိန်းချုပ်‌ရေးကော်မတီ၊ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ကော့ကရိတ်မြို့ ဇိနသုခဘုရားရှေ့တွင်် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာ‌ပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများနှင့် ရေမလိုလက်သန့်ဆေးရည်များ ပေးဝေခြင်း၊ စနစ်တကျလက်ဆေးနည်း အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  12/ Sep/ 2020

ကန်ပက်လက်တွင် ကြက်ခြေနီက ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ နှာခေါင်းစည်းများဖြန့်ဝေ

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းတို့ကို ကန်ပက်လက်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ဖွဲ့မှူး ဦးခွန်ဟုန်းကွီ ဦး‌ဆောင်‌သော ကြက်ခြေနီစေတနာလုပ်အားရှင် (၁၀) ဦးက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းရဲ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

Read More

  12/ Sep/ 2020

တောင်ကြီးတွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က မြဝတီမြို့၊ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တဆင့်ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူ ကျား ၁၃ ဦးနှင့် မ ၇ ဦးတို့သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ မိုးကုတ်ဝိပဿနာကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ရောက်ရှိလာရာ ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၅ ဦးတို့က COVID-19 ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်းနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  12/ Sep/ 2020

မန္တလေးတွင် မြို့နယ်များ၌ COVID-19ရောဂါ ကာကွယ်ရေး ကြက်ခြေနီက ဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ မိုးကုတ်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ စဥ့်ကိုင်မြို့နယ်၊ မတ္တရာမြို့နယ်ကြက်ခြေနီအသင်းခွဲများနှင့် ရတနာပုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြို့နယ်အသီးသီးတွင် COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊နှာခေါင်းစည်းများပေးဝေခြင်းတို့ကို ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခဲ့ကြရာမြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များနှင့် ရတနာပုံတက္ကသိုလ်ကြက်ခြေနီ အသင်းခွဲဥက္ကဌတို့က လိုအပ်သည့်နှာခေါင်းစည်းများကို လှူဒါန်းခဲ့ပြီး အစားအသောက်များ ကျွေးမွေးခဲ့ကြသည်။

Read More

  12/ Sep/ 2020

သာပေါင်း၊ ငပု‌တော၊ ရေကြည်တို့တွင် ကြက်‌ခြေနီက COVID-19 ရောဂါကာကွယ်ရေး ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၇ ဦးတို့သည် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် COVID-19 ရောဂါကာကွယ်ရေးအတွက် စစ်ပင်ကြီးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နှာခေါင်းစည်းများ ပေးဝေခြင်း၊ စနစ်တကျ တပ်ဆင်ရန် အသိပညာပေးခြင်းတို့ကို ၂၀၂၀ပြည့်နှစ်၊စက်တင်ဘာလ ၁၂ ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။ ထို့အတူ ငပု‌တောမြို့နယ် ကြက်ခြေနီ အသင်းခွဲမှကြက်ခြေနီစေတနာလုပ်အားရှင် ၃၀ ဦးတို့သည် ငပုတောမြို့ရပ်ကွက်များ၊ ကျေးရွာများနေ ပြည်သူများအား မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်အလှူရှင်များလှူဒါန်းသော နှာခေါင်းစည်း (၅၀၀၀)ခုကို အိမ်တိုင်ယာရောက် ပေး‌ဝေခဲ့‌ကြပါသည်။ ထို့အပြင် ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၉ ဦးတို့သည် လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်COVID-19‌ေရာဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ လူစည်ကားရာနေရာများတွင် COVID -19ရောဂါကာကွယ်ရေးအသိပညာများပေးခြင်း ၊ နှာခေါင်းစည်း များ‌ပေးဝေခြင်းတို့ကို ဩဂုတ်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

Read More

  12/ Sep/ 2020

ကျိုင်းတုံတွင် ကြက်ခြေနီက နှာခေါင်းစည်းများ ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ မြို့မဈေးကြီးအတွင်းနှင့် မြို့မဈေးရှေ့ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်က ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် COVID-19 ရောဂါအသိပညာပေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုကို အသင်း အချိန်ပိုင်းအလုပ်အမှုဆောင် ဒေါက်သိန်းငွေ၊ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌဒေါ်စန်းစန်းမြင့်၊ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြတ် ၊ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးမြင့်နိုင်၊ ကျိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးသိန်းထိုက် နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရန်နိုင်ထွန်း တို့ဦးဆောင်သည့် ကြက်ခြေနီစတနာလုပ်အားရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

Read More

  12/ Sep/ 2020

အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ခံရပြီး ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆက်လက်ကူညီထောက်ပံ့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကျောက်လုံးကြီးအသွားအလာကန့်သတ်စခန်းတွင် အသွားအလာကန့်သတ်မှုခံယူနေသည့် ပြစ်ဒဏ်လွတ်မြောက်နေရပ်ပြန်ပြည်သူ (၂၄)ဦးနှင့် MOUစခန်းတွင်အသွားလာကန့်သတ်မှုခံယူနေသည့် ပြစ်ဒဏ်လွတ်မြောက်နေရပ်ပြန် ပြည်သူ(၆၄)ဦးတို့အား ခရီးစရိတ်၊ စားစရိတ်၊ အဝတ်အထည်၊ အမျိုးသမီး တစ်ကိုယ်ရည်သုံးပစ္စည်း၊ အမျိုးသား တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို မြဝတီမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဦးအောင်သွင်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦးတို့သည် တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။

Read More

  12/ Sep/ 2020

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်နေသူများအား ကြက်ခြေနီက နှာခေါင်းစည်းများထောက်ပံ့

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က သထုံခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်လှ ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၄) ဦးတို့က မွန်ပြည်နယ်ရှိ စစ်တောင်းတံတားသစ်နှင့် စစ်တောင်းတံတားဟောင်းလမ်းဆုံရှိ စစ်ဆေးရေးဂိတ်များ၊ စစ်တောင်းကျေးရွာလူမှုကူညီရေးအသင်းနှင့် သိမ်ဇရပ်မြို့ ခိုင်မြဲသောလက်များလူမှုကူညီရေးအဖွဲ့တို့မှ COVID - 19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများအတွက် နှာခေါင်းစည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့အပြင် စစ်တောင်းတံတားဟောင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ကြက်ခြေနီစေတနာလုပ်အားရှင် (၃)ဦးအတွက် ခေါက်ဆွဲခြောက်(၃)ဖာကိုလည်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

Read More