21/ Sep/ 2020

ပျဥ်းမနားတွင် နိုင်ငံဝန်ထမ်း(အငြိမ်းစား)များ ပင်စင်လစာထုတ်ရာ၌ COVID-19 ကာကွယ်ရေး ကြက်ခြေနီ ကူညီ

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဥ်းမနားမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာလာရောက်ထုတ်ယူသော နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် နှာခေါင်းစည်း ပေးဝေခြင်းတို့ကို နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမိုးကျော်၊ ပျဥ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းနိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၁၂)ဦးတို့က ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

Read More

  21/ Sep/ 2020

ပျော်ဘွယ်တွင် COVID-19 ကာကွယ်ရေး ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်‌ခြေနီ တပ်ဖွဲ့မှူးဦးသန်းဝင်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၂၅ဦး တို့သည် မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းကာ ပျော်ဘွယ်မြို့နယ်ပြည်သူ့ဈေးအမှတ်(၁)နှင့်(၂)တို့တွင် COVID-19ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာ‌ေရးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သောသတင်းစကားများကို အသံချဲ့စက်ဖြင့်လှုံဆော်ခြင်း၊ နှာခေါင်းစည်း (၃၀၀၀)ခုအား ပေးဝေခြင်း၊ အသိပညာပေးခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။

Read More

  21/ Sep/ 2020

မိုင်းဖြတ်တွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

၂၀၂၀ပြည်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့က မိုင်းဖြတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ် စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာသူများအား COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ြခင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  21/ Sep/ 2020

မိုးကောင်းတွင် ကြက်ခြေနီက ပင်စင်လစာလာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး ဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂၁ရက်နေ့က မိုးကောင်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ဆွေမာသင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကချင်ပြည်နယ် မိုးကောင်းမြို့မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာလာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း၊ လက်သန့်စင်ဆေးရည်များအသုံးပြုစေခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ နေရာထိုင်ခင်းစီစဉ်ပေးခြင်း၊ ကိုဗစ်၁၉ရောဂါကာကွယ်ရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး လက်ဖက်ရည်နှင့်မုန့်များ လှူဒါန်းပေးခဲ့ကြပါသည်။

Read More

  21/ Sep/ 2020

စစ်တွေတွင် ကြက်ခြေနီက ရောဂါပိုးကင်းစင်သူများအား နေရပ်အသီးသီးသို့ပြန်ရန်ကူညီပေးခဲ့ပြီး တိုက်ပွဲရှောင်စခန်းများတွင် အဝတ်နှာခေါင်းစည်းများ ပေးဝေ

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂၁ရက်နေ့က ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ထွေး၊ စစ်တွေမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကျော်နိုင်ဦး နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ရခိုင်ပြည်နယ် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ရောဂါကုသမှုခံယူခဲ့ကြပြီး ရောဂါပိုးကင်းစင်သဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာမည့်သူများအား ကူညီပို့ဆောင်ပေးခဲ့ကြသည်။ အဆိုပါအဖွဲ့သည် စစ်တွေမြို့နယ်ရှိ စည်ပင်သာယာကျောင်းတိုက် တိုက်ပွဲရှောင်စခန်း၊ ရွှေပြည်သာကျောင်းတိုက် တိုက်ပွဲရှောင်စခန်းများရှိ လူဦးရေ ၂၇၃ဦးနှင့် ကျောင်းတိုက်များအတွင်း သီတင်းသုံးနေထိုင်သော သံဃာ၂၅ပါးတို့အား အဝတ်နှာခေါင်းစည်း ၅၃၆ခု၊ ကိုဗစ်၁၉ရောဂါကြိုတင်ကာကွယ်ရန်လိုက်နာဆောင်ရွက်ရမည့်အချက်များပါရှိသော လက်ကမ်းစာစောင် ၄၀ခုတို့အား ပေးဝေခဲ့ကြပြီး ရောဂါကာကွယ်ရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  21/ Sep/ 2020

🌺🌺 သင်သိပါသလား🌺🌺

ကိုဗစ်၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းမှာ ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်တွေက အသက်အရွယ်ကြီးရင့်သူတွေ၊ ကလေးငယ်လေးတွေနဲ့ မိဘပြည်သူတွေကို ရောဂါကူးစက်မှုမှကာကွယ်ပေးဖို့အတွက် အစွမ်းကုန် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂၁ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ နှင့်မိုးညိုမြို့များမှ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက မြန်မာ့စီးပွားရေးဘဏ်ခွဲများမှာ ပင်စင်လစာငွေလာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များကို ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အတွက် 📣📣 တစ်ဦးနှင့်တစ်ဦး အကွာအဝေးသတ်မှတ်၍ နေရာထိုင်ခင်းစီစဉ်ပေးခြင်း 📣📣 နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း 📣📣 လက်သန့်စင်ဆေးရည်များအသုံးပြုစေခြင်း 📣📣 သက်ကြီးရွယ်အိုများကို ကူညီဖေးမပေးခြင်း တို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြပါသည်။ 🎀🎀 မွန်မြတ်သောစိတ်ထားနဲ့ လူမှုကရုဏာလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေကြသော ကျွန်ုပ်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို လက်ခုပ်တီးပြီး အားပေးလိုက်ကြရအောင်နော် ။ 🎀🎀 👏👏👏👏👏👏👏👏👏👏👏👏 #လက်ခုပ်တီးလို့ဆက်လက်အားပေးကြပါစို့ #KeepClapping #RedCrossVolunteer  

Read More

  21/ Sep/ 2020

ဘားအံတွင် Covid-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးဇေယျာမိုးမြင့် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိုင်ကလေးလမ်းဆုံနှင့် ဝါဘိုးတောလမ်းဆုံတို့တွင် လမ်းသွားလမ်းလာပြန်သူများအား COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနိုးဆော်ခြင်း၊ အလှူရှင်များမှလှူဒါန်းသောနှာခေါင်းစည်းများအား ပြန်လည်ဖြန့်ဝေပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်များပေးဝေခြင်းနှင့် စနစ်တကျလက်ဆေးခြင်းတို့အား သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  21/ Sep/ 2020

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ အဆက်မပြတ် ပူးပေါင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က COVID-19 ရောဂါကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့စီးပွားရေးဇုံကားကွင်းသို့ ရောက်ရှိလာသော နေရပ်ပြန်ပြည်သူ ကျား ၃၀၊ မ ၃၀ ဦးတို့အား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းများသွင်းခြင်းနှင့် သက်ဆိုင်ရာဒေသများသို့ ပြန်လည်ထွက်ခွာလိုသူများအား စီးနင်းရမည့်ကားများ ညွှန်းပို့ပေးခြင်းတို့ကို ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ ဦးတို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  20/ Sep/ 2020

အလှူရှင်များကလှူဒါန်းထားသည့်အခြေခံစားသောက်ကုန်များအား စစ်တွေမြို့ရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များထံ ထပ်မံထောက်ပံ့

စစ်တွေမြို့နယ်ကြက်ခြေနီအသင်းခွဲသို့ စေတနာရှင်များကလာရောက်လှူဒါန်းထားသည့် အခြေခံစားသောက်ကုန်များအား COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်နေကြသည့် စစ်တွေမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၈ဦးတို့အား ပြန်လည်ထောက်ပံ့ခြင်းကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၀ရက်နေ့က တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

Read More