20/ Apr/ 2021

တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲက Mobile First Aid အဖွဲ့ဖွဲ့ပြီး အကူအညီပေးလျက်ရှိ

၂၀၂၁ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သံဆူးသည့်လူနာတစ်ဦး၊ခွေးကိုက်ခံရသည့်လူနာတစ်ဦးကို ရှေးဦးပြုစုနည်းဖြင့် ပြုစုစောင့်ရှောက်ပေးခဲ့ကြောင်း သိရပါသည်။
"ကျွန်တော်တို့အသင်းခွဲအနေနဲ့ ဖေဖော်ဝါရီလ(၈)ရက်နေ့မှစတင်ကာ ကြက်ခြေနီစေတနာလုပ်အားရှင်(၂၀) ဦးဖြင့် Mobile First Aid အဖွဲ့ (၂)ဖွဲ့ ဖွဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူတွေကို ကျန်းမာရေးနှင့် ပတ်သက်တဲ့ အကူအညီများ ပေးလျက်ရှိပါတယ်။
ယင်းအဖွဲ့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များဖြစ်သည့် ဆရာဝန် (၅) ဦးကလည်းပူးပေါင်းဆေးကုသမှုပေးတဲ့အတွက် ဖေဖော်ဝါရီလ(၈)ရက်နေ့မှ ဧပြီလ(၂၀)ရက်နေ့အထိ ရှေးဦးပြုစု‌ပေးခြင်းနှင့် ဆေးရုံညွှန်းပို့တဲ့ လူနာ စုစုပေါင်း (၂၇၀)ဦးကို အကူအညီပေးခဲ့ပြီးဖြစ်ပါတယ်"လို့ တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌဦးအောင်မျိုးဦးက ယခုလိုပြောပြခဲ့တာဖြစ်ပါတယ်။

Read More

  19/ Apr/ 2021

သင်္ဃန်းကျွန်းမြို့နယ်ကြက်ခြေနီအသင်းခွဲက အရေးပေါ်ရှေးဦးပြုစုခြင်းနှင့် လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ကူညီပို့ဆောင်ပေးလျက်ရှိ

လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကြက်ခြေနီ
အသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရွေ့လျားရှေးဦးပြုစုခြင်းစခန်းများဖွင့်လှစ်ကာ ထိခိုက်ဒဏ်ရာရရှိသူများကို အရေပေါ်ရှေးဦးပြုစုပေးခြင်းနှင့် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သူများကိုဆေးရုံ/ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၂၁ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့မှဧပြီလ(၁၉)ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီ‌တပ်ဖွဲ့မှူး‌ဒေါ်စမ်းစမ်း‌မော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၆)ဦးတို့သည် မြို့နယ်အတွင်း ထိခိုက်ဒဏ်ရာရသူနှင့် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သူ(၂၃)ဦးတို့ကို အရေးပေါ်ရှေးဦးပြုစုခြင်း၊ ဆေးရုံ/ဆေးခန်းများသို့ ပို့ဆောင်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်း အရေးပေါ်ရှေးဦးပြုစုခြင်းနှင့် လူနာတင်ယာဉ်လိုအပ်ပါက 09-426060273, 09-73005116 သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။

Read More

  18/ Apr/ 2021

အရေးပေါ်‌မွေးလူနာများအား ဆေးရုံသို့ ပို့ဆောင်ကူညီ

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့ ညပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဆေးရုံဆင်း လူနာအား စျေးကြိုရပ်သို့ လည်းကောင်း၊ ဒေါင်းဇရပ်မှ မွေးလူနာအား မော်လမြိုင်ဆေးရုံသို့လည်း‌ကောင်း ကြက်ခြေနီစေတနာလုပ်အားရှင် (၃)ဦး တို့က ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရှိ လူနာတင်ယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။
အလားတူ ချောင်းဆုံမြို့နယ်၊ ဆယ်ပလာကျေးရွာမှ မွေးလူနာအား ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက မြို့နယ်အသင်းခွဲပိုင် လူနာတင်ယာဥ်ဖြင့် မော်လမြိုင်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။

Read More

  18/ Apr/ 2021

မုဒုံမှ လူနာအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် မော်လမြိုင်ဆေးရုံပို့ဆောင်ပေး

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့တွင် မွန်ပြည်နယ် မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးသည် ဓာတ်မှန်ရိုက်ရန်လိုအပ်သော လူနာအား မော်လမြိုင်ဆေးရုံသို့ အသင်းခွဲပိုင်လူနာတင်ယာဥ်ဖြင့် အသွားအပြန် ကူညီပို့ဆောင်ပေးခဲ့‌ကြသည်။  

Read More

  18/ Apr/ 2021

သတိလစ်မေ့မြောလူနာကို ကြက်ခြေနီက ဆေးရုံအရေးပေါ်ပို့ပေး

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့ နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းအောင်မိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးတို့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းမှ သတိလစ်မေ့မြောနေသော အမျိုးသားလူနာတစ်ဦးကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။  

Read More

  18/ Apr/ 2021

သတိလစ်နေ‌ေသာလူနာကို ကြက်ခြေနီက ရှေးဦးပြုစုပြီး ဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထားဝယ်မြို့ ဥဿရံရပ် ကမြောကင်းလမ်းမှ သတိလစ်နေသော လူနာတစ်ဦးကို ရှေးဦးပြုစုပေးပြီး မြို့နယ်အသင်းခွဲမှ လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။ ထို့အတူ ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်ကွက်မှ အရေးပေါ်ကလေးမွေးဖွားမည့် ကိုယ်ဝန်ဆောင်တစ်ဦးကိုလည်း နေအိမ်မှ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More

  17/ Apr/ 2021

သက်ကြီးဘိုးဘွားများပူဇော်ပွဲ၌ ကြက်ခြေနီက ကျန်းမာရေးစောင့်ရှောက်မှုပေး

၂၀၂၁ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် မုဒုံမြို့ပေါ်ရှိ သက်ကြီးဘိုးဘွားများပူဇော်ပွဲနှင့် ငါးလွှတ်ပွဲတို့တွင် မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၄)ဦးတို့သည် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည်။  

Read More

  16/ Apr/ 2021

အင်းစိန်၌ ယာဉ်မတော်တဆဖြစ် ထိခိုက်ဒဏ်ရာရသူများကို ကြက်ခြေနီ ရှေးဦးပြုစု

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၆)ရက်ညပိုင်းကရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ကြက်‌ေခြနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အောင်ဆန်းရပ်ကွက် အောက်မင်္ဂလာဒုံလမ်းမပေါ်၌ ဆိုင်ကယ်မတော်တဆဖြစ်ပြီး ဒဏ်ရာရရှိသူကို ရှေးဦးပြုစုပေးပြီး မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ဧပြီလ(၁၇)ရက် နေ့လည်ပိုင်းကလည်း အင်းစိန်မြို့နယ်စျေးကြီးရှေ့၌ ယာဥ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူကို ရှေးဦးပြုစုပေးပြီး မြောက်ဥက္ကလာဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More

  16/ Apr/ 2021

အရေးပေါ်ကလေးမွေးမည့် ကိုယ်ဝန်ဆောင်များကို ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့ညပိုင်းတွင်တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထားဝယ်မြို့ကြက်စားပြင်ရပ်မှ ကိုယ်ဝန်‌ဆောင်အမျိုးသမီးအား အရေးပေါ်ကလေးမွေးဖွားရန်
နေအိမ်မှ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ဧပြီလ(၁၇)ရက်နေ့ နံနက်ပိုင်းကလည်းထားဝယ်မြို့နယ် သဗြေချောင်းကျေးရွာမှကိုယ်ဝန်‌ဆောင်အမျိုးသမီးတစ်ဦးကို အရေးပေါ် ကလေးမွေးဖွားရန် နေအိမ်မှ ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More