14/ Apr/ 2021

မြစ်ကြီနား၌ ယာဉ်မတော်တဆဖြစ်ပြီး ထိခိုဒဏ်ရာရသူကို ကြက်ခြေနီက ရှေးဦးပြုစု

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့ ညနေပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အဝေးပြေးလမ်းမ၌ ယာဉ်မ‌ေတာ်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူအား ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်လင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၅)ဦး တို့သည် ရှေးဦးပြုစုပေးပြီး ဆေးရုံ သို့ အချိန်မီပို့ဆောင်ကူညီပေးခဲ့ကြပါသည်။

Read More

  14/ Apr/ 2021

ဆိုင်ကယ်မတော်တဆဖြစ်သူကို ကြက်ခြေနီက ရှေးဦးပြုစု

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့ ညပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့၌ ဆိုင်ကယ်မ‌ေတာ်တဆဖြစ်သောလူနာအား ကြက်ခြေနီစေတနာလုပ်အားရှင် (၃)ဦးတို့က ရှေးဦးပြုစုပေးပြီး မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။

Read More

  14/ Apr/ 2021

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့၌ ဆေးရုံဆင်း မီးဖွားလူနာတစ်ဦးကို မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲပိုင် လူနာတင်ယာဉ်ဖြင့် ရေးမြို့နယ်၊ ကလော့ကျေးရွာသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။
လူနာပို့ပြီးအပြန်တွင် ရေးမြို့နယ် မော့ကနင်ကျေးရွာအနီး ယာဉ်မတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူကို တွေ့ရသဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးတို့ကရှေးဦးပြုစုပေးခဲ့ကြပါသည်။

Read More

  13/ Apr/ 2021

အောင်မြေသာစံမြို့နယ်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီက ထောက်ပံ့ပစ္စည်းများ ပေးအပ်

၂၀၂၁ခုနှစ် ဧပြီလ(၁၃)ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ် မြောက်နွားခြံကုန်းတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အိမ်ထောင်စု(၄၀)စု ထိခိုက်ပျက်စီးခဲ့ရသဖြင့် ယနေ့ ဧပြီလ (၁၄)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်ဦးယုတင်၊ အောင်မြေသာစံမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးသောင်းဌေး၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးတင်မိုးအောင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ထိခိုက်ခံစားရသော အိမ်ထောင်စုတစ်စုလျှင် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ မီးဖိုချောင်သုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ စောင်(၁)ထည်၊ ခြင်ထောင်(၁)လုံးစီ တို့ကို အိမ်ထောင်စု (၄၀)စု အတွက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး မီးဘေးသင့်မှုကြောင့် စိတ်ထိခိုက် ခံစားရသည့် ပြည်သူများအားစိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်းများ ပြုလုပ်ပေးခဲ့ကြပါသည်။

Read More

  13/ Apr/ 2021

ထားဝယ်တွင် အရေးပေါ်ကလေးမွေးဖွားမည့်သူနှင့် သတိလစ်လူနာတို့အား ‌ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထားဝယ်မြို့ဝဲကျွန်းမြို့သစ်မှကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အရေးပေါ်ကလေးမွေးဖွားရန် နေအိမ်မှ ဆေးရုံသို့ အသင်းခွဲမှလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ညပိုင်းတွင်လည်း ဆန်းချီရပ် ကမြောကင်းလမ်း၌ သတိလစ်နေသော လူနာတစ်ဦးကို ရှေးဦးပြုစုပေးပြီး ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

Read More

  13/ Apr/ 2021

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာ ကြက်ခြေနီ

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့ ည‌နေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၇)ဦးတို့သည် မြစ်ငယ်မြို့အနီး ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် သတိလစ်သူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးပြုစုစောင့်ရှောက်ပေးခဲ့ကြသည်။

Read More

  13/ Apr/ 2021

အောင်မြေသာစံ မီးဘေးသင့်ပြည်သူများအား ကြက်ခြေနီကူညီ

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့ နံနက်ပိုင်းကမန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုတ္တော်ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု (၄၀)စုမှပြည်သူများအား အောင်မြေသာစံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးတင်မိုးအောင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၂၀)ဦးတို့သည် လိုအပ်သည်များကူညီပေးခဲ့ကြပြီး ပန်းစုံဘုန်းတော်ကြီးကျောင်းယာယီကယ်ဆယ်ရေးစခန်း၌ ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

Read More

  12/ Apr/ 2021

ကြက်ခြေနီမှ အရေးပေါ် ကလေးမီးဖွားပေးနိုင်ခဲ့

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၂)ရက်‌နေ့ ညပိုင်းက ကျိုက္ခမီတိုက်နယ်ဆေးရုံမှ ကလေးမွေးဖွားရန် ခက်ခဲ‌နေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနဲ့ တပ်ခွဲမှူး ဒေါ်သီသီမွန်တို့မှ မွေးလူနာအား ကျိုက္ခမီမှ မော်လမြိုင်သို့ အသင်းပိုင် လူနာတင်ယာဉ်ဖြစ်ပို့ဆောင်စဉ် သံဖြူဇရပ်မြို့အဝင်၌ ကလေးမွေးဖွားရတော့မယ့် အနေအထားဖြစ်လာသည့်အတွက် လူနာတင်ယာဥ်ပေါ်မှာပင် စနစ်တကျ အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါသည်။
"ကလေးရော မိခင်ပါ ကျန်းကျန်းမာမာရှိပါတယ်၊ သံဖြူဇရပ်ဆေးရုံရောက်တော့ ဆေးရုံက လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ထပ်လုပ်ပေးပါတယ်၊ ပိုပြီးစိတ်ချရအောင် မော်လမြိုင်ဆေးရုံကို ဆက်လက် ပို့‌ဆောင် ပေးခဲ့ပါတယ်" ဟု မြို့နယ်ကြက်ခြေနီတပ်ခွဲမှူးလည်းဖြစ် သားဖွားဆရာမ(ငြိမ်း)တစ်ဦးလည်းဖြစ်သည့် ကြက်ခြေနီစေတနာလုပ်အားရှင် ဒေါ်သီသီမွန်က ပြောပြခဲ့ပါတယ်။

Read More

  12/ Apr/ 2021

သံဖြူဇရပ်နှင့် ရေးတွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ကြက်ခြေနီက ဆေးရုံသို့ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့က မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ဆိုင်ကယ်မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးတို့သည် အသင်းခွဲမှလူတင်ယာဉ်ဖြင့်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ရေးမြို့နယ်ကြက်‌‌ေခြနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးသည် ယာဉ်မတော်တဆမှုကြောင့် ခြေထောက်ကျိုးသည့် လူနာနှင့် အိမ်ပေါ်မှပြုတ်ကျပြီး ဦးခေါင်းထိခိုက်မိသည့်လူနာတို့ကို ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More