11/ Dec/ 2020

ကြက်ခြေနီစေတနာလုပ်အားရှင်များက ပေါင်မြို့နယ်ဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆောင်ရွက်

ဒီဇင်ဘာလ ၁၁ ရက်နေ့က ပေါင်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများအား ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  10/ Dec/ 2020

ဇီးကုန်းမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ကူညီဆောင်ရွက်

ဒီဇင်ဘာလ ၁၀ရက်နေ့က ပဲခူးတိုင်းဒေသကြီး ဇီးကုန်းအခြေခံပညာအထက်တန်းကျောင်းမှာဖွင့်ထားတဲ့ Quarantine Center မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းခံယူကာ ရောဂါပိုးစစ်ဆေးခဲ့ပြီး ရောဂါပိုးမတွေ့ရှိခဲ့သူများအား နေအိမ်သို့ပြန်လည်ပို့ဆောင်ရာတွင် ဇီးကုန်းမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။

Read More

  10/ Dec/ 2020

ဆေးရုံဆင်းလူနာကို မအူပင်မှ မော်လမြိုင်ကျွန်းသို့ ကြက်ခြေနီက ကူညီပို့ဆောင်

ဒီဇင်ဘာလ ၁၀ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရသူ တစ်ဦးကို မော်လမြိုင်ကျွန်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ လူနာတင်ယာဥ်နဲ့ မအူပင်မြို့မှ သွားရောက် ခေါ်ဆောင်ပြီး မော်လမြိုင်ကျွန်းမြို့နေအိမ်အရောက် ကူညီပို့ဆောင် ပေးခဲ့ကြပါတယ်။

Read More

  09/ Dec/ 2020

ကျေးသီးမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက နှာခေါင်းစည်းများနှင့် ရေမလိုလက်သန့်ဆေးရည်များ လှူဒါန်း

ဒီဇင်ဘာလ ၉ ရက်နေ့က ကျေးသီးမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းနောင့်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျေးသီးမြို့နယ်စည်ပင်သာယာဈေးနှင့် မြို့ဝင်ဂိတ်များတွင် နှာခေါင်းစည်းများနှင့် ရေမလိုလက်သန့်ဆေးရည်များကိုအခမဲ့ပေးဝေခဲ့ကြသည်။

Read More

  09/ Dec/ 2020

ရပ်စောက်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်ဆောင်ရွက်

ဒီဇင်ဘာလ ၉ ရက်နေ့က ရပ်စောက်မြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့်သိန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် ရေမလိုလက်သန့်ဆေးများပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  09/ Dec/ 2020

ကြက်ခြေနီစေတနာလုပ်အားရှင်များက COVID-19ရောဂါကာကွယ်ရေး ညွှန်ကြားချက်များအား လိုက်လံနှိုးဆော်

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသ‌ေရးဦးစီးဌာန၏ ညွှန်ကြားချက်အရ မန္တလေးခရိုင်အတွင်း ပိုးတွေ့လူနာများသော မြို့နယ်များသို့ COVID-19ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကိုမြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အသံချဲ့စက်ဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်လျက်ရှိပါတယ်။

Read More

  08/ Dec/ 2020

ခရမ်းမြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်မှာရှိတဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွေမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

ခရမ်းမြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်မှာရှိတဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ပူပေါင်းကူညီပေးနေကြပြီး မြို့အဝင်အထွက်ဂိတ်တွေနဲ့ မြို့တွင်းလူအများသွားလာနိုင်တဲ့နေရာတွေမှာ ရောဂါကာကွယ်ရေးအသိပညာပေးတာတွေ၊ နှာခေါင်းစည်းအခမဲ့ပေးဝေတာတွေကို ဆောင်ရွက်နေကြပါတယ်။ ထို့အပြင် ဒီဇင်ဘာလ ၈ရက်နေ့က ကွမ်းလျှားရှည်ကျေးရွာက ပိုးတွေ့လူနာနေအိမ်အနီးဝန်းကျင်ကို ပိုးသတ်ဆေးဖျန်းရာမှာလည်း ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။

Read More

  08/ Dec/ 2020

ကြက်ခြေနီက အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ကူညီဆောင်ရွက်ပေး

ဒီဇင်ဘာလ ၈ရက်နေ့က မိုင်းယောင်းမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ Facility Quarantine Center ကို ရောက်ရှိလာသူများရဲ့ နှာခေါင်းနဲ့အာခေါင်တို့ဖတ်ယူပြီး သက်ဆိုင်ရာဌာများသို့ စစ်ဆေးရန်ပို့ဆောင်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။

Read More

  08/ Dec/ 2020

မန္တလေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်နဲ့ တိုင်း‌ေဒသကြီးကြက်ခြေနီတပ်ဖွဲ့တိုင်းတပ်ဖွဲ့မှူး၊ မန္တလေးခရိုင်မှမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ တွေ့ဆုံ

ဒီဇင်ဘာလ ၈ ရက်နေ့က မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံးမှာ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်နဲ့ တိုင်း‌ေဒသကြီးကြက်ခြေနီတပ်ဖွဲ့တိုင်းတပ်ဖွဲ့မှူး၊ မန္တလေးခရိုင်မှမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ တွေ့ဆုံကာ COVID-19 ရောဂါကာကွယ်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ မန္တလေးခရိုင်အတွင်း COVID-19ရောဂါကူးစက်မှု လျော့နည်း‌ကျဆင်း‌ေစရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ ပိုမိုအရှိန်မြှင့်လုပ်ဆောင်နိုင်ရန်၊ ကြက်ခြေနီ‌ေစတနာလုပ်အားရှင်များမှ မြို့နယ်နှင့် ရပ်ကွက်များအတွင်း လှုံ့ဆော်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါတယ်။ မြို့နယ်များအလိုက် COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ ဦးဆောင်‌ေသာ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အဆက်မပြတ် ပူးပေါင်းကူညီဆောင်ရွက်နေကြပါတယ်။

Read More