06/ Dec/ 2020

ငရုတ်ကောင်းမြို့မှ ကြက်ခြေနီများ နှာခေါင်းစည်းများပေးဝေ

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ကြက်ခြေနီအသင်းခွဲ ငရုတ်ကောင်းမြို့ကြက်ခြေနီတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၁၇) ဦးတို့ဟာ မြို့မိ၊ မြို့ဖများ၊ ကျန်းမာရေးဝန်ထမ်းများနဲ့အတူ မြို့မစျေး နဲ့ မြို့အတွင်း လှည့်လည်ကာ ပြည်သူများအား နှာခေါင်စည်းများ အခမဲ့‌ေပးဝေပေခဲ့ကြပါသည်။

Read More

  06/ Dec/ 2020

ကျေးရွာပြည်သူများ COVID-19ရောဂါ ကာကွယ်ရေး မြိတ်ကြက်ခြေနီ အသိပညာ‌ပေး

တနင်္သာရီတိုင်း‌ေဒသကြီး မြိတ်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယမြို့နယ်ကြက်‌ေခြနီတပ်ဖွဲ့မှူး ဒေါ်သင်းသင်းအေးနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် ၈ဦးတို့ဟာ တုံးဗျောလသာ‌ေကျးရွာ၌ ကျေးရွာနေပြည်သူများ COVID -19‌ေရာဂါကာကွယ်‌ေရး အသိပညာ ရရှိ‌ေစဖို့ ပညာပေးဆော်ဩတာ၊ ပညာပေးပိုစတာကပ်တာ‌ေတွကို ဒီဇင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

Read More

  05/ Dec/ 2020

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ရန်ကုန်သို့ချီတက်လာပြီ

ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်မည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၁)ဦးတို့သည် လားရှိုးမြို့၊ မန်ဆူ(ရှမ်း)ကျောင်းဆရာတော်ဘုရားထံမှ မေတ္တာဓာတ်ခံယူခဲ့ကြသည်။ ထို့နောက် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ဥက္ကဌ ဦးဇော်ဇော်၏ လမ်းညွှန်မှုခံယူကာ ဒီဇင်ဘာလ ၅ ရက်နေ့ကလားရှိုးမြို့မှ စတင်ထွက်ခွာလာခဲ့ကြသည်။ ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင် သူရဲကောင်းကြီးများကို လက်ခုပ်တီးပြီးကြိုဆိုလိုက်ရအောင်။

Read More

  05/ Dec/ 2020

တာချီလိတ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ကြက်ခြေနီမှ COVID-19ရောဂါကာကွယ်ရေး ဆောင်ရွက်

တာချီလိတ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဥာဏ်မြင့်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ ဆန်ဆိုင်း အခြေခံပညာအထက်တန်းကျောင်း၊ တာလော့ အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် ပုန်းထွန်အခြေခံပညာကျောင်းများတွင်ဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ကိုဗစ်၁၉ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ ပိုးတွေ့လူနာများနေထိုင်ခဲ့သော အခန်းများနှင့် ပတ်ဝန်းကျင်၊ အသုံးအဆောင်ပစ္စည်းများအား ပိုးသတ်ဆေးဖြန်းခြင်း၊ စနစ်တကျစွန့်ပစ်ခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  05/ Dec/ 2020

ကျိုက်မရောမြို့နယ်တွင် ကြက်ခြေနီက ကိုဗစ်ရောဂါကာကွယ်ရေးဆက်လက်ဆောင်ရွက်

ဒီဇင်ဘာလ ၅ ရက်နေ့က ကျိုက်မရောမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကျိုက်မရောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား အသိပညာပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  04/ Dec/ 2020

ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်

ဒီဇင်ဘာလ ၄ ရက်နေ့က ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်များဖြန့်ဝေပေးပြီး လက်ဆေးစေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဘုရားသုံးဆူမြို့မှ ဦးမြင့်နိုင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။

Read More

  04/ Dec/ 2020

နွေးထွေးတဲ့မနက်ခင်းနေရောင်ခြည်အောက်မှာ ဖော်ရွေတဲ့အပြုံးတွေနဲ့ သူတို့တွေလုပ်ငန်းစတင်ဆောင်ရွက်နေကြပါပြီ။

သူတို့တွေကတော့ ကျွန်ုပ်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေဖြစ်ပြီး………. ဆောင်ရွက်ကြတာကတော့ လူမှုကရုဏာလုပ်ငန်းတွေပေါ့……….. အခုလို ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်မှာ မိဘပြည်သူတွေကို ရောဂါနဲ့ပတ်သက်ပြီးအသိပညာပေးတာတွေ၊ အခြေအနေတွေကို သတိပေးတာတွေ၊ ဆောင်ရွက်ဖို့လိုအပ်တဲ့အရာတွေကို နှိုးဆော်တိုက်တွန်းတာတွေ ဆောင်ရွက်နေကြတဲ့ သူတို့ကို လမ်းတွေ၊ ဈေးတွေနဲ့ ရုပ်မြင်သံကြားတွေမှာ တွေ့မြင်နိုင်မှာပါ။ ဒါကတော့ ပဲခူးတိုင်းဒေသကြီး၊မိုးညိုမြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေပါ... သူတို့လိုပဲ မြန်မာပြည်အနှံ့အပြားမှာရှိနေကြတဲ့ ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ရောဂါကာကွယ်ရေးအတွက် ပြည်သူလူထုကို နှိုးဆော်နေကြသလို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွေနဲ့ ကိုဗစ်ကုသရေးစင်တာတွေမှာလည်း တက်ကြွစွာကူညီနေကြပါတယ်။ လူမှုဝန်ထမ်းစိတ်အပြည့်နဲ့ ရှေ့တန်းကနေ မိဘပြည်သူတွေအတွက် အဆင်သင့်ရှိနေကြတဲ့ ကျွန်ုပ်တို့ရဲ့ သူရဲကောင်းတွေကို လက်ခုပ်တီးပြီး အားပေးဂုဏ်ပြုလိုက်ရအောင်။

Read More

  04/ Dec/ 2020

မိုင်းယောင်းမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ပိုးတွေ့လူနာ၃ဦးကို မိုင်းယောင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ရာမှာ ကူညီပေးခဲ့

ဒီဇင်ဘာလ ၄ရက်နေ့က မိုင်းယောင်းမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ပိုးတွေ့လူနာ၃ဦးကို မိုင်းယောင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ရာမှာ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေနဲ့အတူ ပူးပေါင်းကူညီပေးခဲ့ကြပါတယ်။

Read More

  03/ Dec/ 2020

ညောင်လေးပင်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ ကြက်ခြေနီက ခြေနင်းလက်ဆေးဘေစင်များ လှူဒါန်း

၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၃ရက်နေ့က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ တော်ဝိအခြေခံပညာအထက်တန်းကျောင်းနှင့် ပိန်းဇလုပ်အခြေခံပညာအထက်တန်းကျောင်းများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနမှ ပေးပို့လှူဒါန်းသော ခြေနင်းလက်ဆေးဘေစင်များကို ညောင်လေးပင်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးဝင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်လွှဲပြောင်းပေးခဲ့ကြရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမကြီးများက လက်ခံရယူခဲ့ကြသည်။

Read More