02/ Dec/ 2020

ဟိုပုံးတွင် ကြက်ခြေနီက ကိုဗစ်ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဒီဇင်ဘာလ ၂ ရက်နေ့က ဟိုပုံးမြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဌ ဦးကျော်စွာအောင်နိုင်ဟိန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှေ့တွင် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခဲ့ကြသည်။

Read More

  02/ Dec/ 2020

ကျောက်ကြီးတွင် ကြက်ခြေနီက ကိုဗစ် ကာကွယ်ရေးဆောင်ရွက်

ဒီဇင်ဘာလ ၂ရက်နေ့က ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် စည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များနှင့်ဈေးဝယ်လာရောက်ကြသူများကို ကိုဗစ် ၁၉ရောဂါကာကွယ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများမဖြစ်မနေဝတ်ဆင်ရေးလှုပ်ရှားမှုအဖြစ် နှာခေါင်စည်း ၇၅၀ ခုအား အခမဲ့ပေးဝေခြင်းတို့ကို ကျောက်ကြီးမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက မြို့နယ်ကိုဗစ်၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။  

Read More

  02/ Dec/ 2020

ဘားအံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီစေတနာလုပ်အားရှင်များက ပူးပေါင်းဆောင်ရွက်

ဒီဇင်ဘာလ ၂ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်း၊ လက်ဆေးဆပ်ပြာများဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဦးဇေယျာမိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့အတူ ဒုံသမိစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဒေါ်တင်မာနွယ်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ဒုံသမိတံတားပိတ်ဆို့ရှာဖွေရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  02/ Dec/ 2020

ကမ္မမြို့တွင် ကြက်ခြေနီက ကိုဗစ်၁၉ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

ဒီဇင်ဘာလ ၂ရက်နေ့က မကွေးတိုင်း​​ဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရှိ ကြက်ခြေနီစေတနာ့လုပ်အားရှင်များက ကမ္မမြို့ယာယီစျေးရှေ့မှာ စျေးဝယ်လာသူများကို ကိုဗစ်၁၉ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်တာတွေနဲ့ နှာခေါင်းစည်းအခမဲ့ ဝေငှတာတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။

Read More

  01/ Dec/ 2020

ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်များက မွန်ပြည်နယ်မှာရှိတဲ့ မြို့နယ်အသီးသီးမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယခုလိုပဲတွေ့ခဲ့ရပါတယ်။

မွန်ပြည်နယ်ရှိ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်တို့မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်း၊ မျက်နှာအကာများဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို မွန်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အဆက်မပြတ်ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

Read More

  30/ Nov/ 2020

တာချီလိတ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ကြက်ခြေနီမှ COVID-19ရောဂါကာကွယ်ရေး အသိပညာပေး

၂၀၂၀ပြည့်နှစ်နို၀င်ဘာလ ၃၀ရက်နေ့က တာချီလိတ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးဥာဏ်မြင့်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်းတွင်ဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် COVID - 19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ကျန်းမာ‌ရေးစောင့်ရှောက်မှုများပေး‌ခြင်းတို့ကိုတာဝန်ရှိသူများနှင့်အတူပူးပေါင်းကာ ၂၀၂၀ပြည့်နှစ်နို၀င်ဘာလ ၃၀ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။

Read More

  29/ Nov/ 2020

ထမင်းကြုပ်(ထမင်းဘူး)မှာစိတ်ပိုင်းဆိုင်ရာ အားပေးတဲ့ စတေကာကပ်ပြီး အားပေးခဲ့တဲ့ တနင်္သာရီကြက်ခြေနီ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သံဃာ့ဆေးရုံမှာ COVID-19 ကုသမှုခံယူနေတဲ့ လူနာများအတွက် နေ့လယ်စာ ထမင်းနဲ့ ဟင်း၊ ဆပ်ပြာဆီဘူး (၃၅)ဘူး တို့ကို တိုင်းဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်း၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယမြို့နယ်ကြက်‌ေခြနီတပ်ဖွဲ့မှူး ဒေါ်သင်းသင်းအေးနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် ၈ဦး တို့က အထက (၃)မြိတ်မှ ဆရာ၊ ဆရာမများနဲ့ စုပေါင်းကာ နိုဝင်ဘာလ ၃၀ ရက်နေ့ကသွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ ထမင်းကြုပ်(ထမင်းဘူး)များမှာလည်း စိတ်ပိုင်းဆိုင်ရာ အားပေးတဲ့ စာသား စတေကာများကပ်ပြီးတော့ အားပေးနှစ်သိမ့်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း မြိတ်တက္ကသိုလ်ရှိ ပုလဲရွှေရည်၊ ပုလဲမာန်၊ ပုလဲရာဇာအဆောင်များ၊ ကလွင်အရှေ့ကျောင်းတို့ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတို့မှာ အသုံးပြုရန် ဆပ်ပြာဆီဘူး (၃၀၀)ဘူးတို့ကို သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

Read More

  28/ Nov/ 2020

ကိုဗစ်၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခဲ့ကြသော သံဖြူဇရပ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ကဏ္ဍပေါင်းစုံမှ အားကြိုးမာန်တက် ကူညီဆောင်ရွက်ပေးနေတာ အားလုံးသိကြမှာပါ။ ဒီလိုတက်ကြွစွာပါဝင်ခဲ့တဲ့ သံဖြူဇရပ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပေးအပ်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၂၈ ရက်နေ့က ကျိုက်ခမီမြို့အသင်းခွဲငယ်ရုံးမှာပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် ကော်မတီဝင်များ၊ မြို့နယ်တပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၂၅ ဦးတက်ရောက်ခဲ့ကြပါတယ်။

Read More

  25/ Nov/ 2020

ပင်စင်လာရောက်ထုတ်ယူကြသော အဖိုးအဖွားများအား ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီစောင့်ရှောက်

မော်လမြိုင်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃) ဦးက မော်လမြိုင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှာ ပိုက်ဆံလာရောက်ထုတ်ယူနေတဲ့ သက်ကြီးအဖိုးအဖွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာကို ယခုလိုပဲတွေ့ရပါတယ်။

Read More