07/ Dec/ 2020

ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီများ‌ ဆောင်ရွက်

ချောင်းဆုံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ချောင်းဆုံမြို့နယ်၊ ကွမ်သဲကျေးရွာရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူနေကြသူများအား စိတ်ပိုင်းဆိုင်ရာအားပေးကူညီပေးခြင်း၊ အစားအသောက်များပေးဝေခြင်း၊ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည်များအား အသိပေးနှိုးဆော်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြပါသည်။ ထို့အပြင် အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူပြီး သတ်မှတ်ရက်ပြည့်မြောက်၍ နေအိမ်သို့ပြန်ရာတွင် အခက်အခဲ ရှိသူများအား ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဥ်ဖြင့် ၎င်းတို့၏နေအိမ်သို့ အခမဲ့ပို့ဆောင်ပေးခဲ့ကြသည်။

Read More

  07/ Dec/ 2020

မိုင်းခတ်မြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေက မိုင်းခတ်မြို့မဈေးကို ဈေးဝယ်လာရောက်ကြသူများအတွက် နှာခေါင်းစည်းများအခမဲ့ပေးဝေ

မိုင်းခတ်မြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေကတော့ ဒီဇင်ဘာလ၇ရက်နေ့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့မဈေးကို ဈေးဝယ်လာရောက်ကြတဲ့ မိဘပြည်သူများအတွက် နှာခေါင်းစည်းများအခမဲ့ပေးဝေခဲ့ကာ အပြင်ထွက်တဲ့အခါတိုင်းနှာခေါင်းစည်းဝတ်ဆင်အသုံးပြုဖို့ လိုအပ်ကြောင်းကို ဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့အတူ ပူးပေါင်း နှိုးဆော်ခဲ့ကြပါတယ်။

Read More

  07/ Dec/ 2020

ရခိုင်ပြည်နယ်တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၇ရက်နေ့က ရမ်းဗြဲမြို့နယ်၊ ပေါက်တောမြို့နယ်နှင့် မြောက်ဦးမြို့နယ်များ မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည်သက်ဆိုင်ရာမြို့နယ်အသီးသီးတွင် ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းဝတ်ဆင်ရန်နှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် မောင်တောမြို့မှ ကြက်ခြေနီစေတနာ့လုပ်ရှင်များကလည်း မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ရင်း အမှတ်(၅)တွင် ကိုဗစ် ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကို မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  07/ Dec/ 2020

မိုင်းဖြတ်မြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း မြို့အဝင်အထွက်ဂိတ်တွေမှာ ဖြတ်သန်းသွားလာသူကြသူတွေကို ခရီးသွားမှတ်တမ်းကောက်ယူ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း မြို့အဝင်အထွက်ဂိတ်တွေမှာ ဖြတ်သန်းသွားလာသူကြသူတွေကို ခရီးသွားမှတ်တမ်းကောက်ယူတာတွေ၊ နှာခေါင်းစည်း ဝတ်ဆင်အသုံးပြုဖို့နှိုးဆော်တာတွေနဲ့ ရောဂါကာကွယ်ရေး အသိပညာပေးတာတွေကို ဒီဇင်ဘာလ၇ရက်နေ့က ဆက်လက်ဆောင်ရွက်နေခဲ့ကြပါတယ်။

Read More

  07/ Dec/ 2020

မြိတ်မြို့နယ် တုံးဗျောငယ်ရွာမှာ COVID-19ရောဂါကာကွယ်ရေးကြက်ခြေနီ အသိပညာ‌ပေး

ဒီဇင်ဘာလ ၇ ရက်နေ့က မြိတ်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဒေသကြီး မြိတ်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးဇေယျာမိုးနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးတို့ဟာတုံးဗျောငယ်ကျေးရွာသို့ သွားရောက်ခဲ့ပြီး COVID - 19 အသိပညာပေးခြင်း၊ ပိုစတာများကပ်ခြင်းတို့အပြင် လက်သန့်‌ေဆးရည်ဘူးများကိုလည်း ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Read More

  06/ Dec/ 2020

ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးတင်လှိုင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၉) ဦးတို့က ချောင်းဆုံမြို့နယ်၊ ကွမ်သဲကျေးရွာ CBFQ စခန်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူမည့်သူများအား နေရာချထားခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကုသရေးကော်မတီနှင့် နေ့စဉ်ပူးပေါင်းဆောင်ရွက်လျှက်ရှိကြသည်။

Read More

  06/ Dec/ 2020

လှိုင်မြို့နယ်ရှိကိုဗစ်၁၉ကုသရေးစင်တာတွင် လုပ်အားပေးမည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား COVID -19 ရောဂါကာကွယ်ရေး အသိပညာပေး သင်တန်းပို့ချ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်ကိုဗစ်ကုသရေးစင်တာတွင် လုပ်အားပေးကြမည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၁) ဦးအတွက် ကိုဗစ်၁၉ ရောဂါကာကွယ်ရေး အသိပညာ‌ပေး သင်တန်းကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ ၆ ရက်၊ နေ့လည်ပိုင်းတွင် ကမာရွတ်မြို့နယ်ရှိ၊ အသွားအလာကန့်သတ်စောင့်ကြည့်ရာနေရာဖြစ်သည့် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်း ၌ ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါက်တာဦးတင်ထွန်း‌အောင်က ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ်၁၉ကာကွယ်ရေးစနစ်တကျလုပ်ဆောင်ရမည့်အချက်များကိုရှင်းလင်းပြောကြားခြင်း၊ အသွားအလာကန့်သတ်စောင့်ကြည့်ရာနေရာမှတာဝန်ရှိသူများက PPE စနစ်တကျဝတ်ဆင်နည်းနှင့် စွန့်ပစ်နည်းကိုလက်တွေ့သရုပ်ပြခဲ့ကြပြီး ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း PPE စနစ်တကျဝတ်ဆင်နည်းနှင့် စွန့်ပစ်နည်းကိုလက်တွေ့လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။ကိုဗစ်၁၉ရောဂါကာကွယ်ရေးအသိပညာပေးသင်တန်းသို့ အသင်းဒုတိယအထွေထွေအတွင်းရေးမှူးနှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဌာနညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးဒေါက်တာဒေါ်လင်းလင်းသက်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ယင်းနောက် ညနေပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဆေးသုတေသနဦးစီးဌာန(ရန်ကုန်)တွင် ကိုဗစ်၁၉ ရောဂါရှိမရှိSwap Testရယူစစ်ဆေးမှုများခံယူခဲ့ကြပါသည်။

Read More

  06/ Dec/ 2020

ကြက်ခြေနီက ပုလောမှာ COVID-19ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်ကြက်ခြေနီအသင်းခွဲဒုတိယဥက္ကဌ ဦးခင်မောင်ဦး ဦးဆောင်တဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ဗိုလ်ချုပ်လမ်း၊ မြို့မစျေး၊ အမှတ်(၃)ရပ်ကွက်သိမ်ဝလမ်း၊ ကမ်းနားလမ်း၊ စပယ်လမ်းတလျှောက်တို့မှာ ပြည်သူများအား COVID-19ရောဂါကာကွယ်ဖို့ နှာခေါင်းစည်းများပေးဝေခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် အသိပညာပေး ပိုစတာများကပ်ခြင်း၊ အသိပညာပေးသီချင်းနဲ့ အသိပညာပေးတာတွေကို ဒီဇင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

Read More

  06/ Dec/ 2020

သံဖြူဇရပ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များကကျိုက်ခမီရေလယ်ဘုရားတွင် ဘုရားဖူးပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

သံဖြူဇရပ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက စနေ၊ တနင်္ဂနွေနေ့များနှင့် နေ့ထူးနေ့မြတ်များတွင် ကျိုက်ခမီမြို့၊ ကျိုက်ခမီရေလယ်ဘုရားတွင် ဘုရားဖူးပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျှက်ရှိသည်။  

Read More