ဆေးကုသဖို့လာသူတွေကို နေပြည်တော်ကြက်ခြေနီက အကူအညီပေး

  28/ Dec/ 2020

နေပြည်တော်၊ ဒီဇင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ နေပြည်တော်သို့ ဆေးကုသမှုခံယူဖို့ လာရောက်တဲ့ တောင်ငူမြို့နယ်မှ လူနာနဲ့ လူနာစောင့်(၇)ဦး၊ ဒိုက်ဦးမြို့နယ်မှလူနာနှင့်လူနာစောင့်(၃)ဦးတို့ကို(၂၀၂)မိုင်စစ်ဆေးရေးဂိတ်နဲ့ စည်ပင်ဧည့်ရိပ်သာအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှတဆင့် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။

ဒါ့အပြင် ပျဥ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာမှ လူနာနှင့်လူနာစောင့်(၃)ဦးတို့အားကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ကြက်ခြေနီ ဒုတိယတပ်ခွဲမှူး ဦးကျော်ကျော်ထွန်းနဲ့ဦးကောင်းမြတ်ဝင်းတို့က နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ လူနာတင်ယာဉ်နဲ့ ဒီဇင်ဘာလ ၂၈ ရက်‌နေ့က အခမဲ့ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။